Sales Hotline : 09448001653       Download App



အမေရိကန်တက္ကသိုလ်တွင် MBA-MS (Dual Master) ပူးတွဲ ရယူပြီး အလုပ်သင်ဝန်ထမ်း နေထိုင်ခွင့် ၃၆ လ လျှောက်ထားနိုင်

အမေရိကန်တက္ကသိုလ်တွင် MBA-MS (Dual Master) ပူးတွဲ ရယူပြီး အလုပ်သင်ဝန်ထမ်း နေထိုင်ခွင့် ၃၆ လ လျှောက်ထားနိုင်

University of Massachusetts Boston တွင် စီပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ဒီဂရီ MBA ကို  Science၊ Technology၊ Engineering၊ Math အစရှိသည့် (STEM ) ဘာသာကွဲ တစ်ခုခုဖြင့် မာစတာဘွဲ့ ဒီဂရီ ပူးတွဲရယူပြီးလျှင် အမေရိကန် နိုင်ငံတွင် OPT အလုပ်သင် ၀န်ထမ်းအဖြစ် ၃၆ လ နေထိုင်ခွင့် ဗီဇာလျှောက်ယူနိုင်ကြောင်းသိရသည်။

MBA ဘွဲ့ဒီဂရီတွင် (၁၂) ဘာသာ တက်ရောက်ရမည်ဖြစ်ပြီး MS Finance- Investment Management၊ MS Business Analytics၊ MS Information Technology စသော ဘာသာရပ်များမှ (၆) ဘာသာ ထပ်မံ သင်ယူပြီး Dual Degree STEM program အဖြစ် ပူးတွဲ MBA-MS ရမည် ဖြစ်ပါသည်။

University of Massachusetts ကျောင်းခွဲ တစ်ခုအပါ အ၀င်ဖြစ်သော UMass Boston သည် သုတေသန တက္ကသိုလ်တစ်ခုဖြစ်ကာ ဘွဲ့ဒီဂရီများစွာကို ပေးအပ်လျှက်ရှိပါသည်။

ဘွဲ့ရရှိပြီးသူများအတွက် အလုပ်သင်၊ လက်တွေ့ သင်ခန်းစာနှင့် လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိစေရန် Career Service Center မှ ကူညီပေးလျှက်ရှိပါသည်။

UMass Boston သည် ဘော်စတွန်မြို့တွင် တည်ရှိ သောကြောင့် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်များ၊ နည်းပညာဘာသာရပ်များ တက်ရောက်ရန် အထူး သင့်လျော်သော တက္ကသိုလ်တစ်ခု ဖြစ်ပါ သည်။

စီးပွားရေးဘွဲ့ဒီဂရီများကို Association of Advance Collegiate School of Business (AACSB) မှ အသိအမှတ်ပြုထားပါသည်။

တက်ရောက်လိုသူများသည်  ပညာရေးအထောက်အထား စာရွက်စာတမ်းများ၊ အင်္ဂလိပ်စာ လိုအပ်ချက်များ၊ ကျောင်းလခနှင့်ကုန်ကျစရိတ်များ၊ ဗီဇာလျှောက်ရာတွင် ပြင်ဆင်ထားရမည့် စာရွက် စာတမ်းများနှင့် ဗီဇာ အင်တာဗျူး အကြောင်းများ အပြင် ပညာသင်ဆုလျှောက်ထားခြင်း ဆိုင်ရာများကို AT&S (Overseas Education Services) တွင် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။

လာရောက်ဆွေးနွေးလိုသူများ အနေဖြင့် AT&S ရုံးချုပ်ဖြစ်သော အဆောင်(၅)၊ အခန်း(၄)၊ MICT Pak ၊ လှိုင် တက္ကသိုလ်နယ်မြေ။ (ဖုန်းနံပါတ်) ၀၉ - ၅၀၆၂၁၆၁ ၊ ၀၉ -၇၇၇ ၂၂၃ ၂၂၅ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

News Read 2048 times