ဘန်ကောက်မြို့ရှိ Assumption University ရှိ နိုင်ငံတကာ ဆရာ၊ ဆရာမများမှ လာရောက်သင်ကြားမည် ဖြစ်သည်ဟု သိရသည်။
သင်ခန်းစာများကို အင်္ဂလိပ်ဘာသာရပ်ဖြင့် သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက Assumption University ရှိရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Graduation Ceremony တက်ရောက်ရမည် ဖြစ်သည်။
သင်တန်းကြေးမှာ $13, 500 ကျသင့်မည်ဖြစ်ပြီး တစ်နှစ်အတွင်း အရစ်ကျ ပေးသွင်းနိုင်မည်ဖြစ်သည်။
သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်များကို ရုံးချိန်လွတ်အတန်းများ အနေနှင့်လည်း ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Assumption University (ABAC) Myanmar ဖုန်း ၀၉- ၄၂၀၂၂၀၆၄၈၊ ၀၉- ၉၅၅၁၇၉၁၉၀ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal