Sales Hotline : 09448001653       Download App



Master of Business Administration (MBA) ပညာသင်ဆု

Master of Business Administration (MBA) ပညာသင်ဆု

Master of Business Administration (MBA) ပညာသင်ဆုအတွက် ဘာသာရပ်အလိုက် လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် The Project for Human Resource Development Scholarship by Japanese Grant Aid (JDS) in Myanmar 2019 (for AY 2020-2021) အစီအစဉ်အရ လျှောက်ထားနိုင်မှာဖြစ်ပါသည်။

 

လျှောက်ထားနိုင်မယ့် ဘာသာရပ်များမှာ Economic/ Business Administration International University of Japan (IUJ) Master of Business Administration (MBA), Economic/Business Administration Ritsumeikan Asia Pacific Administration Master of Business Administration (MBA) နဲ့ Information and Communication Technology (ICT) International University of Japan (IUJ) Master of Business Administration (MBA) တို့ ဖြစ်ပါတယ်။

 

ပညာသင်ဆုတွေကို ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများနဲ့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများအနေနဲ့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီသူများ လျှောက်ထားနိုင်မှာဖြစ်ပါသည်။

 

Read More>>>> ဒဂုံတက္ကသိုလ် အဝေးသင်ပထမနှစ် ဒုတိယနှစ်ဝက် စာစဉ်လက်ခံရက်ကိုတိုးပေးမည်

 

ပညာသင်ဆုတွေကို သြဂုတ် (၁၆) ရက် နောက်ဆုံးထားပြီး ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာနသို့ ကိုယ်တိုင်လျှောက်ထားနိုင်မှာ ဖြစ်ပါသည်။

 

အသေးစိတ်အချက်အလက်တွေကို ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ လိုင်းခွဲ ၁၃၃၊၁၃၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Source: Internet Journal

 

Local Read 1108 times