မန္တလေးတက္ကသိုလ် ဝင်ခွင့်သတ်မှတ်ချက်နှင့် ပေးအပ်မည့်ဘွဲ့

မန္တလေးတက္ကသိုလ် ဝင်ခွင့်သတ်မှတ်ချက်နှင့် ပေးအပ်မည့်ဘွဲ့

၁။ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စားမေးပွဲကို မည့်သည့်ဘာသာတွဲဖြင့်မဆိုအောင်မြင်သူဖြစ်ရမည်။

 

၂။ နေရာဒေသမရွေးမှ ကျောင်းသား/သူများ မန္တလေးတက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထားရပါမည်။

 

၃။ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။(မှတ်ပုံတင် မိတ္တူများ ပူးတွဲတင်ပြရန်)

 

၎။ စုစုပေါင်းရမှတ် (၃၅၀)နှင့် အထက်ရရှိသူဖြစ်ရပါမည်။

 

၅။ အထူးပြုဘာသာရပ်တွင် (၁၀၀) ဦးလက်ခံပါမည်။

 

၆။ အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များကို လျှောက်ထားနိုင်ပါသည်။

 

** အောက်ဖော်ပြပါ အထူးပြု ဘာသာရပ်များအတွက် ပေးအပ်မည့်ဘွဲ့မှာ B.A ဖြစ်ပါသည်။**

 

** မြန်မာစာ (၄) နှစ်သင်တန်း

** အင်္ဂလိပ်စာ (၄) နှစ်သင်တန်း

** ပထဝီဝင် (၄) နှစ်သင်တန်း

** သမိုင်း (၄) နှစ်သင်တန်း

** ဒဿနိကာဗေဒ (၄) နှစ်သင်တန်း

** စိတ်ပညာ (၄) နှစ်သင်တန်း

** အရှေ့တိုင်းပညာ (၄) နှစ်သင်တန်း

** နိုင်ငံတကာဆက်ဆံရေးပညာ (၄) နှစ်သင်တန်း

** မနုဿဗေဒ (၄) နှစ်သင်တန်း

** ရှေးဟောင်းသုတေသနပညာ (၄) နှစ်သင်တန်း

** နိုင်ငံရေးသိပ္ပံ (၄) နှစ်သင်တန်း

** မြန်မာမှု (၄) နှစ်သင်တန်း များဖြစ်ပါသည်။

 

** အောက်ဖော်ပြပါ အထူးပြု ဘာသာရပ်များအတွက် ပေးအပ်မည့်ဘွဲ့မှာ B.Sc ဖြစ်ပါသည်။**

 

** ဓာတုဗေဒ (၄) နှစ်သင်တန်း

** ရူပဗေဒ (၄) နှစ်သင်တန်း

** သင်္ချာ (၄) နှစ်သင်တန်း

** သတ္တဗေဒ (၄) နှစ်သင်တန်း

** ရုက္ခဗေဒ (၄) နှစ်သင်တန်း

** ဘူမိဗေဒ (၄) နှစ်သင်တန်း

** ကုန်ထုတ်ဓာတုဗေဒ (၄) နှစ်သင်တန်း

** ကွန်ပျူတာသိပ္ပံ (၄) နှစ်သင်တန်း

** ဇီဝဓာတုဗေဒ (၄) နှစ်သင်တန်း

** အဏုဇီဝဗေဒ (၄) နှစ်သင်တန်း များဖြစ်ပါသည်။

 

** ဥပဒေပညာ (၅) နှစ်သင်တန်း အတွက် ပေးအပ်မည့်ဘွဲ့မှာ ဥပဒေဘွဲ့ LL.B ဖြစ်ပါသည်။

 

** ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ (၄) နှစ်သင်တန်းအတွက် ပေးအပ်မည့်ဘွဲ့မှာ B.E.S ဖြစ်ပါသည်။

 

၇။ အသေးစိတ်သိရှိလိုပါက မန္တလေးတက္ကသိုလ် ၊ ၀၉-၄၀၀၀၀၉၅၃၆၊ ၀၂-၂၈၃၂၁၂၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

(တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြခြင်းဖြစ်ပါသည်။)

 

www.edge.com.mm

 

 

News Read 4285 times