Sales Hotline : 09448001653       Download App



Luchi Full Scholarship(Japan Scholarship) အတွက်ဖောင်ထုတ်ယူနိုင်ပါပြီ

Luchi Full Scholarship(Japan Scholarship) အတွက်ဖောင်ထုတ်ယူနိုင်ပါပြီ

Luchi Full Scholarship (၆) ကြိမ်မြောက်စကော်လာအတွက် စည်းမျဉ်းစည်းကမ်းချက်များနှင့် လျှောက်လွှာများကို မေလ (၃၀) ရက်နေ့ (ကြာသပတေးနေ့) မှစပြီး " May Japanese Langyage School “ တွင် ရုံးချိန် (၉ နာရီမှ ၅ နာရီ) အတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

မကြာမီတွင် အောင်စာရင်းထွက်မည့် ဆယ်တန်းအောင်စာရင်းတွင် အမှတ် (၄၈၀) နှင့် အထက်ရရှိသူများနှင့် ၂၀၁၈ မတ်လ ဆယ်တန်းစာမေးပွဲတွင် အမှတ် (၄၈၀) နှင့်အထက် ရရှိပြီး ယခုချိန်တွင် ပထမနှစ် တက္ကသိုလ်တက်ရောက်နေသောသူများ လျောက်ခွင့်ရှိသော Full Scholarship ဖြစ်ပါသည်။

 

လျှောက်ထားလိုသူများသည် အောက်ဖော်ပြထားသော အချက်များနှင့် ကိုက်ညီပါက **Mya Japanese Language School** တွင် မေလ (၃၀) (ကြာသပတေးနေ့) မှစတင်ပြီး လျှောက်လွှာများလာရောက်ထုတ်ယူနိုင်ပါသည်။

 

**လျှောက်လွှာထုတ်ယူရန် အခြေခံစည်းကမ်းချက်များ**


၁။ လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
၂။ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက် အတွင်း မွေးဖွားသူသာလျှင် လျှောက်နိုင်ပါသည်။
၃။ အခြေခံအားဖြင့် ၂၀၁၈ ခုနှစ် မတ်လ သို့မဟုတ် ၂၀၁၉ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံအထက်တန်းကျောင်းနှင့် ညီမျှသော အတန်းကျောင်း (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) အောင်ပြီးသူဖြစ်ရပါမည်။
၎။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၄ ဘာသာနှင့်အထက် ဘာသာများတွင် ၇၅ မှတ် နှင့်အထက်ရရှိသူ ( သို့မဟုတ်​) ၆ဘာသာစုစုပေါင်းရမှတ် (၄၈၀) နှင့် အထက် ရရှိထားသောသူ (ရနိုင်ခြေရှိသူ) များ လာ​လျှောက်​​လျှောက်​ထားနိုင်​ပါသည်။

 

**စည်းကမ်းချက်​အားလုံးကိုက်​ညီမှသာလျှင် လျှောက်​ခွင့်​ရရှိမည်​ဖြစ်​ပါသည်။**

 

**စည်းကမ်းချက်​များ နှင့်​ စ​ကော်​လာရှစ်​အ​ကြောင်း အ​သေးစိတ်​ကို ​အောက်​ပါပူးတွဲထား​သော စာရွက်​များတွင်​ ထပ်​မံကြည့်​ရှုနိုင်ပါသည်။**

 

**လျှောက်လွှာပိတ်ရက်မှာ (၂၃-၆-၂၀၁၉) ညနေ (၅) နာရီ အထိသာဖြစ်ပါသည်။**

 

Read More: အခြေခံကျောင်းများတွင် ကျောင်းအပ်နှံရာတွင် သိရှိရမည့်အချက်များ

 

**May Japanese Language School Address**

တိုက်အမှတ်(၂၉၀)/အခန်းနံပါတ်-(၁၅) ၊ ၄လွှာဘယ်ဖက်အခန်း။
ရန်အောင်(၃) လမ်း /၂ရပ်ကွက် ၊ရန်ကင်း။
(ရန်ကင်း Center နှင့် Golden City Condominium အနီး )၊ ဖုန်းနံပါတ်- ၀၉-၂၆၃၆၈၆၆၅၂၊ ၀၉-၂၆၃၆၈၆၆၅၁၊ ၀၉-၇၈၅၁၅၆၅၈၂

 

**ဖောင်လျှောက်လွှာနှင့် စည်းကမ်းချက် PDF File Download လုပ်ချင်သူများအတွက် Download Link**


https://my.pcloud.com/publink/show…

 

ဖောင်လျှောက်လွှာကို Download လုပ်ပြီး ဖြည့်နိုင်ပြီး ဖောင်ပြန်လာတင်သည့်အခါ စကော်လာရှစ်လျှောက်မည့် ကျောင်းသား/သူ ကိုယ်တိုင်ဖောင်ဖြည့်ပြီး လာတင်ရမည်ဖြစ်ပါသည်။

 

 

Source: မြဂျပန်စာသင်ကျောင်း

 

 

Local Read 1333 times