Sales Hotline : 09448001653       Download App



J Compass မှ ပြုလုပ်ကျင်းပမည့် Study in Japan Online Seminar

ဂျပန် နိုင်ငံတွင် ပညာသင်ကြားရန် စိတ်ဝင်စားသူများ အတွက် သတင်းကောင်းလေးတစ်ခု ယူလာပါပြီ

လာမည့် January 16ရက် - စနေနေ့ ၊  23ရက်- စနေနေ့ နှင့် 30ရက် -စနေနေ့များတွင် Study in Japan အမည်ဖြင့်  Online Seminar ကို ကျင်းပသွားမည်ဖြစ်ပါတယ်။

ဒါကြောင့်  ဂျပန်ပညာသင်သွားရန် စိတ်ပါဝင်စားသူများ တက်ရောက်ဖို့ကို တိုက်တွန်းလိုက်ရပါတယ်။ 

အစီအစဥ်များ အနေဖြင့် 

ပထမနေ့ January 16 ရက် (စနေ) 1:30 pm~3:00 pm

「EJUစာမေးပွဲ ရှင်းပြခြင်း နှင့် EJUလက်တွေ့လေ့လာခြင်း」

◎အကြောင်းအရာ

  • EJUစာမေးပွဲဆိုတာ??
  • EJUစာမေးပွဲဖြေဆိုခြင်းရဲ့ အားသာချက်?
  • EJUစာမေးပွဲကို မသုံးပြုပြီး ဘယ်လိုလျှောက်ထားမလဲ?
  • EJUစာမေးပွဲ‌ကို လက်တွေ့လေ့လာကြည့်ကြမယ်!

ဒုတိယနေ့ January 23ရက် (စနေ) 1:30 pm~3:00 pm

「တက္ကသိုလ် ပညာသင်သွားရန် နည်းလမ်း・တက္ကသိုလ်မိတ်ဆက်」

◎အကြောင်းအရာ

  • ဂျပန်တက္ကသိုလ်ကို ပညာသင်သွားရန် ဘယ်လိုနည်းလမ်းတွေရှိလဲ?
  • ဂျပန်တက္ကသိုလ်ကို ပညာသင်သွားဖို့ လိုအပ်တဲ့အချက်တွေ?
  • Shizuokaတက္ကသိုလ်ရဲ့ ABP Programမိတ်ဆက်
  • အခြား တက္ကသိုလ်ကျောင်းများမိတ်ဆက်

တတိယနေ့ January 30ရက် (စနေ) 1:30 pm~3:00 pm

「ကောလိပ်ကျောင်း နှင့် ဂျပန်စာကျောင်း ပညာသင်သွားရောက်ခြင်း」

  • ဂျပန်ကောလိပ်ကျောင်းကို ပညာသင်သွားရန် ဘယ်လိုနည်းလမ်းတွေရှိလဲ?
  • Caregiverကောလိပ်ကျောင်း ပညာသင်သွားခြင်းနှင့် ပတ်သက်၍
  • ဂျပန်စာကျောင်း ပညာသင်သွားခြင်း ပတ်သက်၍

【စာရင်းပေးရမည့်ပုံစံ】

၁. အောက်ပါ Linkမှ Formတွင်ဖြည့်စွက်၍ စာရင်းသွင်းပါ

Click Here 

၂. စာရင်းဖြည့်စွက်ထားသော Formမှ mailလိပ်စာသို့ Zoom URLနှင့် Passwordတို့ကို ပြန်လည်ပို့ထားပေးပါမယ်

※Mailလိပ်စာမရှိသူများက J Compass messengerသို့ အကြောင်းကြားပေးပါ။

Click Here 

၃. ဆွေးနွေးပွဲနေ့တွင် URLမှတဆင့် ဝင်ရောက်ပါ

※Zoom Meeting Roomသို့ (10)မိနစ်ကြိုတင်၍ ဝင်ရောက်နိုင်ပါတယ်။

အားလုံးပဲ ဆက်ဆက်တက်ရောက်ကြပါနော်!!

J COMPASS STUDY ABROAD INFORMATION CENTER

Adress:မိုးစန္ဒာလမ်း၊မိုးစန္ဒာကွန်ဒို၊အခန်း(403)၊ကမာရွတ်မြို့နယ်

Phone:09-420768863, 09-961212426, 09-261038760

Email: [email protected]

By Myanmar Education Guide (EDGE) 

News Read 606 times