Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူရန်ကိစ္စ

 ၂ဝ၂ဝပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူရန်ကိစ္စ

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများထုတ်ယူရန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး (ပညာ) (ဖုန်း၊ ၀၉-၅၀၇၂၆၃၈) ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တိုင်းဒေသကြီး/ပြည်နယ်အားလုံး အတွက် အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တွင် တာဝန်ခံထုတ်ယူပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် များနှင့် ချိတ်ဆက်ပို့ဆောင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် >>> ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်အမှတ်စာရင်းများကို ဇန်နဝါရီလ(၁၄)ရက်မှ စ၍ကြည့်နိုင်ပြီ

တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများအနေဖြင့် ဒုတိယညွှန်ကြားရေးမှူး (သို့မဟုတ်) ယုံကြည်စိတ်ချရသည့် လက်ထောက်ညွှန်ကြားရေးမှူးအား တာဝန်ပေးစေလွှတ်၍ ရန်ကုန်တိုင်းမှ တာဝန်ရှိသူနှင့် ချိတ်ဆက်ပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လုံခြုံစွာသယ်ယူရမည်ဖြစ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် >>> ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်အမှတ်စာရင်းများကို ကြည့်ရှုနည်း လမ်းညွှန်

တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများသို့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ရောက်ရှိ လာပါက သက်ဆိုင်ရာမြို့နယ်၊ ကျောင်းများအရောက်ဖြန့်ဝေပေးရပါမည်။ ကျောင်းသားများလက်ဝယ်သို့ ဖြန့်ဝေပေးရမည့်နေ့ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်သည့်အတွက် ကျောင်းသားများလက်ဝယ်သို့ မဖြန့်ဝေမီအချိန်ထိ သက်ဆိုင်ရာမြို့နယ်နှင့် ကျောင်းများမှ လျှို့ဝှက်လုံခြုံစွာထိန်းသိမ်းထားရပါမည်။ 

အဆိုပါကိစ္စအား ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စီမံမှုများကို စနစ်တကျဆောင်ရွက်ပြီး အမြန်ဆုံး သွားရောက်ထုတ်ယူနိုင်ရန်၊ ထုတ်ယူမည့်အစီအစဉ်ကို ပူးတွဲပါအတိုင်း ဖြည့်စွက်၍ ဤဦးစီးဌာန၊ ဌာနခွဲ(၂၃-က) Fax 067-3407690/ 3407695 [Email, [email protected]]  သို့ ပေးပို့ရန်နှင့် လုပ်ငန်း ဆောင်ရွက်ပြီးပါက ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တင်ပြရန် အကြောင်းကြားပါသည်။

By Myanmar Education Guide (EDGE) 
 

News Read 5417 times