Sales Hotline : 09448001653       Download App



သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းပြည်နယ်ရှိ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်

သီရိလင်္ကာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မှုကြောင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ပိတ်ထားခဲ့သော အနောက်ပိုင်းပြည်နယ်ရှိ အထက်တန်းကျောင်းသားများအတွက် စာသင်ကျောင်းများကို ဇန်နဝါရီ ၂၅ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းမှာ လာမည့်မတ်လ GCE Ordinary Level စာမေးပွဲများကို  ဖြေဆိုရန်အတွက် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 

ကျောင်းသားများကို နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူချင်းခပ်ခွာခွာနေရမည့် အကွာအဝေးကို လုပ်ဆောင်ရန် အကြောင်းကြားထားခဲ့သလို စာသင်ခန်းများ အားလုံးကိုလည်း ဇန်နဝါရီ ၂၄ ရက်က ပိုးသတ်ဆေးဖျန်းထားပြီးဖြစ်ကြောင်း သိရသည်။ 

သို့သော်လည်း ယင်းနယ်မြေရှိ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် သီးခြားထားရှိရန် ကြေညာထားသည့် စာသင်ကျောင်းများကိုမူ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ 

အနောက်ပိုင်းပြည်နယ်ရှိ ကျောင်းသား ၇၉,၀၀၀ ဦးသည် လာမည့် မတ်လတွင် ကျင်းပရန်ရှိသော GCE Ordinary Level စာမေးပွဲဖြေဆိုကြမည်ဖြစ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်က ၎င်းတို့၏ လွတ်သွားသော သင်ခန်းစာများကို အရှိန်မြှင့်သင်ယူနိုင်စေမည်ဖြစ်သည်။ 

သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းပြည်နယ်ကို နိုင်ငံတစ်ဝန်း အောက်တိုဘာလ အစောပိုင်းတွင် ကပ်ရောဂါ ဒုတိယလှိုင်း စတင်စဉ်ကတည်းက ဆိုးဝါးသောနေရာတစ်ခုအဖြစ် ကြေညာထားခဲ့ကြောင်း သိရသည်။  

Source : Xinhua

By Myanmar Education Guide (EDGE)  

News Read 1093 times