Sales Hotline : 09448001653       Download App



 ဦးစားပေးနံပတ်များအရ ပညာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စာရင်းကောက်ယူ 

အခြေခံပညာဦးစီးဌာန အောက်ရှိ ပညာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ဝန်ထမ်းစာရင်းကို အခြေခံပညာဦးစီးဌာနက ကောက်ယူနေသည်။ 

COVID-19 ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ရန်နှင့် သေဆုံးမှု လျှော့ချနိုင်ရန်၊ ရောဂါကူး စက်ပျံ့နှံ့မှုကို ထိန်းချုပ်၍ ပုံမှန် လုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်စေရန်အတွက် ဆေးရရှိမှုပေါ် မူတည်ကာ ကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန် ထမ်းစာရင်းတင်ပြရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး များအား အခြေခံပညာဦးစီးဌာန က ညွှန်ကြားထားသည်။ 

အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ‘‘ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို စာရင်းတင်ပြရ မယ်။ တစ်နိုင်ငံလုံးရှိတဲ့ အခြေခံ ပညာမှာ တာဝန်ထမ်းနေတဲ့ ဝန် ထမ်းစာရင်း အကုန်တင်ပြမှာပါ။ ကာကွယ်ဆေးရတဲ့ပေါ် မူတည်ပြီး ဆေးထိုးရမယ့်အလှည့်ရောက် လာရင် အဆင်သင့်ဖြစ်အောင် စာရင်းတင်ပြရမှာပါ။ ခန့်မှန်းခြေဆို သင်ကြားရေးရော၊ သင်ကြား ရေးဘက်က မဟုတ်တဲ့ ဝန်ထမ်းရောဆို ငါးသိန်းကျော်လောက်ရှိ မယ်’’ဟု ပြောသည်။

အသက် (၁၈) နှစ်အောက်အရွယ်များသည် ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်တွင် မပါရှိခြင်းကြောင့် အခြေခံပညာ ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေးထိုးနှံရန် လတ်တ လော အစီအစဉ်မရှိကြောင်း ၎င်း က ဆိုသည်။ 

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် ကျောင်းရှိ ဝန်ထမ်း စာရင်းကို ဇန်နဝါရီ ၂၂ ရက်က ပေးပို့ထားပြီး ၂၀၀၃ ဇန်နဝါရီ ၁ ရက် နောက်ပိုင်းမွေးဖွား သူများ မပါဝင်ကြောင်း မန္တလေး တိုင်းဒေသကြီးမှ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

‘‘ကျောင်းက ဝန်ထမ်းအင် အားစာရင်း တောင်းထားလို့ ပို့ပြီးပါပြီ။ ဘယ်တော့ ကာကွယ်ဆေးထိုးပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ထားတဲ့ ကြေညာ ချက်အရတော့ ဦးစားပေး နံပါတ် (၃) ဖြစ်မယ်ထင်ပါတယ်’’ဟု ၎င်း က ဆိုသည်။

ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေးအစီအစဉ်အရ အစီအစဉ် တစ်အဖြစ် ဗဟို၊ တိုင်းဒေသကြီ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အစီအစဉ် နှစ်အဖြစ် ဗဟို၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များကို ကာ ကွယ်ဆေးထိုးနှံမည်ဖြစ်ပြီး အစီအစဉ် သုံးအဖြစ် နိုင်ငံ့ဝန်ထမ်း များကို ကာကွယ်ဆေးထိုးနှံမည် ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ကြေညာထားသည်။

ဆက်စပ်ဖတ်ရှုရန် >>> ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးရန် လူဦးရေစာရင်းဇန်နဝါရီ ၂၅ ရက်တွင်တင်ပြရမည်

Source: 7Day News

By Myanmar Education Guide (EDGE) 

News Read 1716 times