Sales Hotline : 09448001653       Download App



၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်အမှတ်စာရင်းများကို ဇန်နဝါရီလ(၁၄)ရက်မှ စ၍ကြည့်နိုင်ပြီ

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာအပ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဌာနတွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍  မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရရှိသော အမှတ်စာရင်းကို မိမိ၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းဖြင့် ရှာဖွေကြည့်ရှုနိုင်ပါသည်။ Software ထည့်သွင်းရန်မလိုဘဲ၊ ဖုန်း/ကွန်ပျူတာ၏ Web Browser ဖြင့်ကြည့်ရှုနိုင်ပါသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ကြည့်ရှု နိုင်ပါမည်။

အမှတ်စာရင်းကြည့်ရန်>>> Click here <<<

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် Facebook Pageတို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

Website >>>Click here <<<

Facebook Page >>> Click here<<<

Source: Department of Myanmar Examinations 

By Myanmar Education Guide (EDGE) 

 

Latest Post Read 52302 times