နယူးဇီလန်၏ နိုင်ငံတကာပညာရေးကဏ္ဍသည် ပြန်လည်ကောင်းမွန်လာမှု၏ ခိုင်မာသောလက္ခဏာများကို ပြသနေပြီး ကျောင်းသားများ၏ စိတ်ကျေနပ်မှု မြင့်မားလာကာ ကျောင်းအပ်မှုများ ဆက်လက်တိုးလာလျက်ရှိပါသည်။
Education New Zealand (ENZ) မှ နောက်ဆုံးရ နိုင်ငံတကာ ကျောင်းသား အတွေ့အကြုံ စစ်တမ်းအရ ကျောင်းသား (၈၇%) သည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ အတွေ့အကြုံကို ကျေနပ်ကြောင်း မှတ်ချက်ပေးခဲ့ပြီး ယခင်နှစ်က (၈၆%) ထက် ပိုများလာသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဧပြီလကြားတွင် နိုင်ငံတကာကျောင်သား (၆၃,၆၁၀) စာရင်းသွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၁၆%) တိုးလာပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၄၉%) အထိ သိသိသာသာ တိုးလာပါသည်။
ပညာရေးကဏ္ဍအားလုံးတွင် တိုးတက်မှုရှိလာပြီး အထူးသဖြင့် ပုဂ္ဂလိကကျောင်းများတွင် (၄၁%) အထိ တိုးတက်လာသည်ဟု သိရသည်။
နယူးဇီလန်တွင် တရုတ်နှင့် အိန္ဒိယကျောင်းသားများ တက်ရောက်မှုများပြီး ဂျပန်၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ အမေရိကန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဂျာမနီတို့က ကျောင်းသားများလည်း ရှိကြသည်။
ယခင်က စိုးရိမ်စရာဖြစ်ခဲ့သည့် ဗီဇာလုပ်ငန်းစဉ်များသည်လည်း သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး ဗီဇာလျှောက်ထားမှုအပေါ် စိတ်ကျေနပ်မှုသည် ၂၀၂၄ ခုနှစ်က (၇၈%) မှ ၂၀၂၅ ခုနှစ်တွင် (၈၀%) အထိ မြင့်တက်လာသည်။
ENZ အမှုဆောင်အရာရှိချုပ် Amanda Malu က တိုးတက်မှုရလဒ်များအတွက် ဝမ်းမြောက်ခဲ့ပြီး ဤရလဒ်သည် နယူးဇီလန်ပညာရေးအရည်အသွေး မြင့်မားမှုကြောင့်နှင့် ဒေသခံများ၏ နွေးထွေးကြိုဆိုမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော် နိုင်ငံတကာကျောင်းသားအရေအတွက် တိုးလာသည်ထက် ရေရှည်တည်တံ့သော တိုးတက်မှုအဖြစ် ဆက်လက်တည်ရှိရန် လိုအပ်ကြာင်း အလေးပေးပြောကြားခဲ့သည်။
အစိုးရ၏ "International Education Going for Growth Plan" သည် ကျောင်းသားများအတွက် သုခချမ်းသာ၊ လုံခြုံနွေးထွေးမှု၊ စည်းလုံးညီညွတ်မှုနှင့် ပညာရေးအတွေ့အကြုံ အရည်အသွေးကို မြှင့်တင်ရန် ဆက်လက် အာရုံစိုက်သွားမည်ဖြစ်သည်။
Source - https://thekoalanews.com/international-students-give-new-zealand-top-marks-as-enrolments-climb/?