အဝေးသင်နှင့် နေ့သင်တန်းပြောင်းလဲတက်ရောက်လိုသူများ ဒီဇင်ဘာလကုန်တွင် နောက်ဆုံးထား ပြောင်းရွှေ့ရမည်

အဝေးသင်နှင့် နေ့သင်တန်းပြောင်းလဲတက်ရောက်လိုသူများ ဒီဇင်ဘာလကုန်တွင် နောက်ဆုံးထား ပြောင်းရွှေ့ရမည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် များကို လျှောက်ထားခဲ့ရာ တွင် မူလလျှောက်ထားခဲ့သော နေ့သင်တန်း (သို့မဟုတ်) အဝေးသင်တက္ကသိုလ်များ တွင် တက်ရောက်လိုခြင်းမရှိတော့ဘဲ အဝေးသင်မှ နေ့သင်တန်း၊ နေ့သင်တန်းမှ အဝေးသင်တန်း စသည့် အပြောင်းအလဲများကို ပြုလုပ်မည်ဆိုပါက ယခုနှစ် ဒီဇင်ဘာလအကုန်တွင် မိမိတို့ မူလ၀င်ခွင့် လျှောက်ထား ခဲ့သော တက္ကသိုလ်တွင် ပြောင်းရွှေ့လိုသော အကြောင်းရင်းကို ဖော်ပြ၍ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

READ - ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

“၀င်ခွင့်လမ်းညွှန်မှာလည်း ထည့်ပေးထားပါတယ်။ တစ်ချို့ကျောင်းသား၊ ကျောင်းသူများက စီးပွားရေးကြောင့်သော်လည်းကောင်း၊ ကျန်းမာရေးကြောင့်သော်လည်း၊ ကိုယ်ရေးကိုယ်တာကြောင့်သော်လည်းကောင်း ကိုယ်ဝင်ခွင့်ရထားတဲ့ တက္ကသိုလ်မှာမတက်ချင်တော့ဘဲ အဝေးသင်ရတဲ့သူ ဒေးကို ပြောင်းချင်တယ်။ ဒေးရထားတဲ့ သူက အဝေးသင်ကို ပြောင်းချင်ရင် ကိုယ်ရထားတဲ့ကျောင်းမှာ ဘာကြောင့် ပြောင်းချင်ပါတယ်ဆိုပြီး လျှောက်ထားခွင့်ပေးထားတယ်”ဟု သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို လျှောက်ထားခဲ့ပြီး ၀င်ခွင့်ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် အကြောင်းအမျိုးမျိုးကြောင့် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အဝေးသင်တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားလိုပါက လျှောက်ထားနိုင်သည်။

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များမှ ပြောင်းရွှေ့လျှောက်ထားလိုသူများအနေဖြင့် ဒီဇင်ဘာလ ၂၁ ရက် နောက်ဆုံးထားပြီး မိမိတို့ ၀င်ခွင့်ရရှိထားသော တက္ကသိုလ်များမှတစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ တက္ကသိုလ် ၁၇ ခုတွင် ၀င်ခွင့်လျှောက်လွှာများကို လက်ခံပေးလျက်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4097 times