International Baccalaureate (IB) ၏ Diploma Program ဒီပလိုမာအစီအစဉ်နှင့် Career-related Programme အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပရိုဂရမ်အစီအစဉ်တို့၏ အောင်စာရင်းရလဒ်များသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၆) ရက်နေ့တွင် ထွက်ရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလတွင် ကျင်းပခဲ့သည့် DP နှင့် CP စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူကျောင်းသား (၂၀၂,၁၀၃) ဦးရှိပြီး ၂၀၂၄ ခုနှစ်တွင် ဝင်ရောက်ဖြေဆိုခဲ့သည့် (၁၉၂,၈၆၇) ဦးထက် (၄.၈%) တိုးလာသည်။
ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းပေါင်း (၃,၄၀၁) မှ ကျောင်းသားများသည် Diploma Program (DP) စာမေးပွဲကို ဖြေဆိုခဲ့ကြပြီး အမြင့်ဆုံးရမှတ် (၄၅) မှတ်အနက် ပျမ်းမျှအမြင့်ဆုံးအမှတ် (၃၀.၅၈) မှတ်အထိ ရရှိခဲ့ကြသည်။ ၂၀၂၄ ခုနှစ်တွင် ရရှိခဲ့သည့် ပျမ်းမျှအမြင့်ဆုံးအမှတ် (၃၀.၃၂) ထက် အနည်းငယ် တိုးလာသည်ကို တွေ့ရသည်။
ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသားများ ဖြေဆိုခဲ့သော DP စာမေးပွဲတွင် ယခုနှစ်အတွက် အမြင့်ဆုံးအဆင့်သတ်မှတ်ချက်မှာ (၄.၈၉) ထိဖြစ်ပြီး ယခင်နှစ်က (၄.၈၅) သာဖြစ်သည်။ အောင်ချက်ရာခိုင်နှုန်းမှာလည်း ယခုနှစ်တွင် (၈၁.၂၆%) ထိရှိပြီး ယခင်နှစ်က (၈၀%) ထက် (၁.၂၆%) မြင့်တက်လာသည်။
ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း DP စာမေးပွဲကို ဖြေဆိုသူများအနက် အမှတ် (၄၀) နှင့်အထက် ရရှိသော ကျောင်းသား (၉,၄၅၆) ဦးရှိပြီး ကျောင်းသားစုစုပေါင်း၏ (၄.၆၈%) ဖြစ်သည်။
Source - TES magazine