Sales Hotline : 09448001653       Download App



သင်္ချာနှင့် ဘွဲ့ရရှိထားသည့် ဆရာ/ဆရာမများကို ပညာတော်သင်စေလွှတ်မည်

သင်္ချာနှင့် ဘွဲ့ရရှိထားသည့် ဆရာ/ဆရာမများကို ပညာတော်သင်စေလွှတ်မည်

အေျခခံပညာမွ သခ်ၤာႏွင့္ဘြဲ႔ရရွိထားသည့္ ဆရာ/ဆရာမ မ်ားကို ပညာေတာ္သင္ေစလႊတ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

အေျခခံပညာ ဦးစီးဌာနအေနျဖင့္ တိုင္းေဒသႀကီးျပည္နယ္မ်ားမွ ထူးခ်ြန္ေသာ ထက္၊ လယ္၊ မူ ဆရာ/ဆရာမ မ်ား၊ ေက်ာင္းအုပ္မ်ား ၊ အရာထမ္း၊ အမႈထမ္းမ်ားႏွင့္ ေက ်ာင္းသား/သူမ်ားကို ႏွစ္စဥ္ျပည္ပႏိုင္ငံမ်ားသို႔ ပညာသင္ေစလႊတ္လ်က္ရွိရာ ယခုႏွစ္အတြက္ ႀကိဳတင္စီစဥ္ထားျခင္းေၾကာင့္ သခ်ၤာျဖင့္ ဘြဲ႔ရရွိထားသည့္ ဆရာ/ဆရာမမ်ားစာရင္းကို ေတာင္းခံထားျခင္းျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရပါတယ္။

 

ျပည္ပႏိုင္ငံေတြရဲ႕ ပညာေရးမိတ္ဖက္ အဖြဲ႔အစည္းေတြက အၿမဲေခၚေလ့ရွိေတာ့ ဒီႏွစ္မွာ သခ်ၤာဘာသာရပ္နဲ႔ ေခၚဖို႔လိုလာရင္ အဆင္သင့္ျဖစ္ေအာင္လုပ္ထားတာ။ တစ္ခါတေလက်ေတာ့ ကပ္ေခၚရင္ အေၾကာင္းၾကားေပးရတာနဲ႔ ေလ်ွာက္တဲ့ရက္ေတြကနည္းေတာ့ မေလ်ွာက္လုိက္ရတဲ့သူေတြရွိလာလို႔ ႀကိဳတင္ေခၚယူထားတာေတြလုပ္ရတာ ဟုအေျခခံပညာဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကားပါတယ္။

 

Soft Drink & Beverage Production Training Centres (3) ေသာက္စရာႏွင့္ အေဖ်ာ္ယမကာ သင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

 

သခ်ၤာဘာသာရပ္ျဖင့္ ဘြဲ႔ရရွိထားသည့္ ထက္၊ လယ္၊ မူ အရည္အခ်င္းသတ္မွတ္မ်ားမွာ လက္ရွိသခ်ၤာဘာသာရပ္ကို သင္ၾကားေနၿပီး၊ အသက္ (၅၀) မေက်ာ္လြန္ေသးသူ၊ အဂၤလိပ္ဘာသာအေရး၊ အေျပာက်ြမ္းက်င္ၿပီးကြန္ပ်ဴတာ က်ြမ္းက်င္စြာ အသံုးျပဳႏိုင္သူမ်ား ျဖစ္ရမည္ျဖစ္ပါတယ္။

 

အဆိုပါ ဆရာ/ဆရာမမ်ားကို သက္ဆိုင္ရာခရိုင္ အလိုက္အရည္အခ်င္းသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီသည့္ ထက္၊ လယ္၊ မူ ဆရာ/ဆရာမမ်ားသည္ သက္ဆိုင္ရာတိုင္းေဒသႀကီး ျပည္နယ္ ပညာေရးမွဴးရံုးမ်ားတြင္ အဂၤလိပ္စာ၊ သခ်ၤာ၊ ကြန္ပ်ဴတာ ဘာသာရပ္မ်ားကို အရည္အခ်င္းစစ္စာေမးပြဲ ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More:>>> MBA မဟာတန္းအတြက္ ပညာသင္ဆုေပးအပ္မည့္ Nanyang Institute of Management

 

လက္ရွိေခၚယူထားေသာ သခ်ၤာဘာသာရပ္ျဖင့္ ဘြဲ႔ရရွိထားသူမ်ားအေနျဖင့္ အရည္အခ်င္း သတ္မွတ္ခ်က္မ်ားအားလံုး ကိုက္ညီမွသာ ေလ်ွာက္ထားခြင့္ရွိမည္ျဖစ္ၿပီး အရည္အခ်င္းသတ္မွတ္ခ်က္မကိုက္သူမ်ားအား ေရြးခ်ယ္ျခင္းမျပဳရန္ကိုလည္း ညႊန္ၾကားထားေၾကာင္းသိရပါတယ္။

 

Source: Democracy

 

**Unicode**

 

အခြေခံပညာမှ သင်္ချာနှင့်ဘွဲ့ရရှိထားသည့် ဆရာ/ဆရာမ များကို ပညာတော်သင်စေလွှတ်မည်ဖြစ်ကြောင်းသိရပါတယ်။

အခြေခံပညာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးပြည်နယ်များမှ ထူးချွန်သော ထက်၊ လယ်၊ မူ ဆရာ/ဆရာမ များ၊ ကျောင်းအုပ်များ ၊ အရာထမ်း၊ အမှုထမ်းများနှင့် ကေ ျာင်းသား/သူများကို နှစ်စဉ်ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်လျက်ရှိရာ ယခုနှစ်အတွက် ကြိုတင်စီစဉ်ထားခြင်းကြောင့် သင်္ချာဖြင့် ဘွဲ့ရရှိထားသည့် ဆရာ/ဆရာမများစာရင်းကို တောင်းခံထားခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။


ပြည်ပနိုင်ငံတွေရဲ့ ပညာရေးမိတ်ဖက် အဖွဲ့အစည်းတွေက အမြဲခေါ်လေ့ရှိတော့ ဒီနှစ်မှာ သင်္ချာဘာသာရပ်နဲ့ ခေါ်ဖို့လိုလာရင် အဆင်သင့်ဖြစ်အောင်လုပ်ထားတာ။ တစ်ခါတလေကျတော့ ကပ်ခေါ်ရင် အကြောင်းကြားပေးရတာနဲ့ လျှောက်တဲ့ရက်တွေကနည်းတော့ မလျှောက်လိုက်ရတဲ့သူတွေရှိလာလို့ ကြိုတင်ခေါ်ယူထားတာတွေလုပ်ရတာ ဟုအခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားပါတယ်။


Soft Drink & Beverage Production Training Centres (3) သောက်စရာနှင့် အဖျော်ယမကာ သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသည့် ထက်၊ လယ်၊ မူ အရည်အချင်းသတ်မှတ်များမှာ လက်ရှိသင်္ချာဘာသာရပ်ကို သင်ကြားနေပြီး၊ အသက် (၅၀) မကျော်လွန်သေးသူ၊ အင်္ဂလိပ်ဘာသာအရေး၊ အပြောကျွမ်းကျင်ပြီးကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူများ ဖြစ်ရမည်ဖြစ်ပါတယ်။


အဆိုပါ ဆရာ/ဆရာမများကို သက်ဆိုင်ရာခရိုင် အလိုက်အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ထက်၊ လယ်၊ မူ ဆရာ/ဆရာမများသည် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးရုံးများတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ကွန်ပျူတာ ဘာသာရပ်များကို အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း သိရပါတယ်။


Read More:>>> MBA မဟာတန်းအတွက် ပညာသင်ဆုပေးအပ်မည့် Nanyang Institute of Management


လက်ရှိခေါ်ယူထားသော သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူများအနေဖြင့် အရည်အချင်း သတ်မှတ်ချက်များအားလုံး ကိုက်ညီမှသာ လျှောက်ထားခွင့်ရှိမည်ဖြစ်ပြီး အရည်အချင်းသတ်မှတ်ချက်မကိုက်သူများအား ရွေးချယ်ခြင်းမပြုရန်ကိုလည်း ညွှန်ကြားထားကြောင်းသိရပါတယ်။


Source: Democracy

 

Local Read 10218 times