Sales Hotline : 09448001653       Download App



"တက္ကသိုလ်တက်ဖို့ ဘယ်လို ရွေးချယ်ကြမလဲ"

မကြာသေးမီမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် အမှတ်များကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ရာ ညီငယ်၊ ညီမငယ်များ တက္ကသိုလ်ရွေးရတော့မယ်။ အချိန်အားဖြင့် လေးနှစ်မှ ခြောက်နှစ်အတွင်း ကုန်ဆုံးကြရမည် ဖြစ်သောကြောင့် သေသေချာချာ ရွေးချယ်ကြစေလိုပါတယ်။ ဒါဆိုရင် ဘယ်လို‌‌ရွေးချယ်ကြမလဲ။ 

SWOT ကိုသေချာနားလည်ထားပါ။ 

  • S- Strengths (အားသာချက်) 
  • W- Weakness (အားနည်းချက်) 
  • O- Opportunities (အခွင့်အရေး) 
  • T-  Threats ( အနှောင့်အယှက်) 

ဥပမာ အားဖြင့် ပေါင်းသင်းဆက်ဆံရေးကောင်းတာက မိမိအားသာချက်ဖြစ်ပြီး အချိန်မလေးစားတာက အားနည်းတစ်ချက်တစ်ခု ဆိုကြပါစို့ ဒါဆိုရင် အခွင့်အရေး အနေဖြင့် ကျောင်းတွင် အခြားသူများကို ဦးဆောင်ခွင့်နိုင်သော်လည်း အားနည်း ရှိနေသောကြောင့် လူအများ၏ အလေးမထားခြင်းကို ခံရမည်ဖြစ်သည်၊။မိမိ၏ အားနည်းချက်၊ အားသာချက် များကို သေချာနားလည်အောင် သိထားသင့်ပါတယ်။ ဒါမှသာ ဘယ်အရာတွေက မိမိအတွက်အခွင့်အရေးဖြစ်စေလဲ၊ အနှောင့်အယှက်ဖြစ်စေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်လာမည် ဖြစ်ပါသည်။ 

မေဂျာသေချာရွေးပါ။ 

မေဂျာ‌‌ရွေးကြတော့မယ်ဆိုရင် များသောအားဖြင့် အချက်သုံးချက်ကို အခြေခံပြီးရွေးကြတယ်။ ဝါသနာ နှင့် စိတ်အားထက်သန်မှု passion ကို ပေါင်းပြီး ‌‌ရွေးချယ်ကြပါတယ်။ ဥပမာ - ကိုယ်က ဗိသုကာ တစ်ယောက်ဖြစ်ချင်တယ်၊ ဒါဆိုရင် ဗိသုကာ တစ်ယောက် ဖြစ်ဖို့ဘာတွေလိုအပ်ဆိုတာကို သေချာလေ့လာတယ်၊ နောက်ပြီး ဗိသုကာပညာရပ်ကိုပဲ တစိုက်မတ်မတ်လေ့လာကာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ကြတယ်။ 

နောက်တစ်ချက်တော့ ဝါသနာနဲ့ passion က ထပ်တူမကျနေချိန်မှာ မိမိအားသာချက်ကို တစ်ချက်ပြန်ကြည့်ပါ။ ဥပမာ - ကျောင်းတက်တုန်းက သူငယ်ချင်းတွေကို စာကူလုပ်နိုင်တယ်၊ စာပြန်ရှင်းပြနိုင်တယ်ဆိုရင် မိမိဟာ စာသင်ပြခြင်းနှင့် နီးစပ်ရာမေဂျာများရွေးကာ မိမအားသာချက်ကို ကောင်းစွာ အသုံးပြုနိုင်ကြမည် ဖြစ်သည်။ 

နောက်ဆုံးအချက် အနေဖြင့် ခေတ်ရဲ့ လိုအပ်ချက်ကို လိုက်ပြီး မေဂျာရွေးချယ်ကြတာပါ။ ယခုလက်ရှိ အနေဖြင့် ပြောရမယ်ဆိုလျှင် UI/UX Designer များ၊ Data Analyst များသည် လာမည့် အလုပ်အကိုင်ဈေးကွက်တွင် ရေပန်းစားဆုံး ဖြစ်လာနိုင်သောကြောင့် ၎င်းနှင့် သက်ဆိုင်ရာ မေဂျာများကို ‌‌ရွေးချယ်လေ့ရှိပါသည်။

ဆက်စပ်ဖတ်ရှုရန် >>> ညီ၊ညီမငယ်များ တက္ကသိုလ် အရွေးမမှားစေဖို့

Internships များ၊ Volunteer များကို တတ်နိုင်သ‌ရွေ့ဝင်ရောက်လုပ်ကိုင်ပါ။

ဒီအချက်ကတော့ တက္ကသိုလ်ရွေးချယ်ရာတွင် တိုက်ရိုက် မသက်ဆိုင်သော်လည်း တနည်းအားဖြင့် အထောက်အကူဖြစ်စေပါသည်။ ယခုလက်ရှိတွင် အဖွဲ့အစည်းတော်တော်များများမှာ အလုပ်သင်များ၊ စေတနာ့ဝန်ထမ်းများကို အခါအားလျော်စွာ ခေါ်နေကြဖြစ်ရာ ထိုနေရာများတွင် တတ်နိုင်သည့်ဖက်မှ ဝင်ရောက်လုပ်ကိုင်ပါ။ ထိုမှသာ ပတ်ဝန်းကျင် အသစ်၊ မိတ်ဆွေ အသစ်များနှင့်တွေ့ဆုံကာ မိမိကိုယ်တိုင် မသိရှိသေးသည့် ဝါသနာများ၊ စိတ်အားထက်သန်မှုများကို တွေ့ရှိကာ သက်ဆိုင်ရာ တက္ကသိုလ်ကို‌ ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ 

Scholarships များကို လေ့လာကာ လျှောက်ပါ။ 

အကယ်၍ မိမိရရှိသည့် အမှတ်က မိမိတက်လိုသည့် တက္ကသိုလ်၏ အမှတ်ကို မမှီ နိုင်ဘူး ဆိုလျှင် အားမလျော့ပါနှင့်၊ ပညာသင်ဆုကို ကြိုးစားပါ။ ပြည်တွင်းမှ ပေးသော ပညာသင်ဆုများ၊ နိုင်ငံတကာမှ ပညာသင်ဆုများကို လေ့လာကာ မိမိ တက်လိုသော တက္ကသိုလ်များကို ရွေးချယ်နိုင်ပါသည်။အမှတ်မကောင်းလို့ ပညာသင်ဆု မလျှောက်နိုင်ဘူးဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ အပေါ်မှာ‌ဖော်ပြခဲ့သည့် အလုပ်သင်၊ စေတနာ့ဝန်ထမ်း အတွေ့အကြုံများက များစွာ အထောက်အကူဖြစ်စေပါသည်။ 

ပိုမိုသိရှိလိုပါက >>> Click Here <<< 

အဝေးသင် တက်မှာလား။ Day  တက်မှာလား။ 

ဒီနှစ်ခုမှာက အားနည်းချက်၊အားသာချက် ကိုယ်စီရှိကြပါတယ်။ Day တက်မည်ဆိုပါက ကျောင်းသားဘဝ အတွေ့အကြုံကို ကောင်းကောင် ကြုံတွေ့ နိုင်ပါတယ်၊ အပေါင်းအသင်းများပြီး မိမိ ထူးချွန်လျှင် ထူးချွန်သလောက် နိုင်ငံခြား ပညာတော်သင် အနေဖြင့် စေလွှတ်ခံရမယ်၊ သို့သော် အဝေးသင်တက်‌သော ကလေးများနှင့် စာလျှင် လုပ်ငန်းအတွေ့ကြုံနည်းနိုင်ပါတယ်။ အဝေးသင်ကို ‌ရွေးခဲ့မယ်ဆိုလျှင် ကျောင်သားဘဝ ကိုအများကြီး မရနိုင်ပေမဲ့ အခြားအသိအမှတ်ပြုလက်မှတ်များ၊ ဒီဂရီများကို ရယူနိုင်ကာ လုပ်ငန်းခွင် အတွေ့အကြုံ စောစီးစွာရနိုင်မည် ဖြစ်ပါသည်။ 

မေးမြန်းပါ။ 

မေဂျာ‌‌တစ်ခု ရွေးတော့မယ်ဆိုလျှင် မိမိရဲ့ မိဘ သို့မဟုတ် မိမိနှင့် ရင်းနှီးသည့် ဆရာမများ နှင့်ဆွေးနွေး တိုင်ပင်ပါ။ မေးမြန်းပါ။ နောက်ပိုင်းတွင် နိုင်ငံခြားပညာသင်ရန်အတွက် တိုင်ပင်ဆွေးနွေးပေးသည့် အကြံပေးပုဂ္ဂိုလ်များနှင့်လည်း ဆွေးနွေးတိုင်ပင်နိုင်ပြီ ဖြစ်ပါသည်။ 

ဒါဆိုရင် ညီငယ်၊ ညီမငယ်များ အနေဖြင့်  မိမိ ဝါသနာပါသည့် အကြောင်းအရာများနှင့် ဆက်စပ်ပြီး မိမိ၏ လေးနှစ်ကျော်၊ ငါးနှစ် အချိန်များအတွက် အကောင်းဆုံးရွေးချယ်မှုများ ပြုလုပ်နိုင်ရန် အထောက်အကူ ဖြစ်စေမည် ဟု ယုံကြည်မိပါသည်။ 

By Myanmar Education Guide (EDGE) 

Tips Read 10873 times