Sales Hotline : 09448001653    



ရောမဂဏန်းများ ရေတွက်ခြင်း အနုပညာ 

ဟုတ်ပါတယ်၊ ဒီအနုပညာဟာ အလွန်တရာ ခက်ခဲပြီးလှပတဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ရောမဂဏန်း‌ရေတွက်ခြင်းနှင့် ပတ်သက်လာလျှင် အများဆုံး ၂၀ အထိသာ ကောင်းမွန်စွာ ဖတ်တတ်၊ရေးတတ်ကြပါတယ်။ ဒီထက်များလာပါက အနည်းငယ်ရှုပ်ထွေးစပြုလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် သင်္ချာချစ်သူများအတွက်သာမက ဗဟုသုတရှာသူများအတွက်ပါ ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။ 

ရောမဂဏန်းတွင် မူတည်ဂဏန်း (၇)လုံးသာရှိသည်။

  • I သည် ၁ ဂဏန်း
  • X သည် ၁၀ ဂဏန်း
  • C သည် ၁၀၀ ဂဏန်း
  • M သည် ၁၀၀၀ ဂဏန်း
  • V သည် ၅ ဂဏန်း
  • L သည် ၅၀ ဂဏန်း
  • D သည် ၅၀၀ ဂဏန်း တို့ဖြစ်ကြသည်။

ရောမဂဏန်းကိုရေးရာတွင် တန်ဖိုးကြီးသော ဂဏန်း၏ ညာဘက်သို့ တန်ဖိုးငယ်သော ဂဏန်းကပ်လျှင် ပေါင်းရသည်။ ဘယ်ဘက်သို့ တန်ဖိုးငယ်သောဂဏန်းကပ်လျှင် နုတ်ရသည်။

  • I = ၁
  • II = ၂
  • III = ၃
  • IV = ၄
  • V = ၅
  • VI = ၆
  • VII = ၇
  • VIII = ၈
  • IX = ၉
  • X = ၁၀
  • XI = ၁၁
  • XV = ၁၅
  • XX = ၂၀

ထိုဂဏန်းသင်္ကေတများကို ရေးရာတွင် သုံးကြိမ်ထက် ပို၍မသုံးကြပေ။ ဥပမာ ၄၀ ကို XXXX ဟု မရေးကြပေ။ ၁၀ ဂဏန်းဖြစ်သော X နှင့် ၅၀ ဂဏန်းဖြစ်သော L ကိုပေါင်းကာ XL ဟုသာ ရေးသည်။ LX ဟုရေးပါက ၆၀ ဖြစ်ပေသည်။ 

  • LX = ၆၀
  • LXX = ၇၀
  • LXXX = ၈၀
  • XC = ၉၀
  • C = ၁၀၀ 
  • CC = ၂၀၀
  • CCC = ၃၀၀
  • CD = ၄၀၀
  • D = ၅၀၀
  • DC = ၆၀၀
  • DCC = ၇၀၀
  • DCCC = ၈၀၀
  • CM = ၉၀၀
  • M = ၁၀၀၀

အစွန်းထွက် ဂဏန်းကြီးများကို ဥပမာ ဖော်ပြရလျှင်

၂၆၃၅ ကို ရေးမည်ဆိုပါက

၂၀၀၀ = MM

၆၀၀ = DC

၃၀ = XXX

၅ = V

ထို့ကြောင့် ၂၆၃၅ ကို ရေးမည်ဆိုပါက MMDCXXXV ဟုရေးရပါမည်။

ထို့ပြင် ရောမဂဏန်းကို ဖတ်ဆိုပုံကို သာဓက ပြပါမည်။ ဥပမာ XLVI ကိုဖတ်မည် ဆိုပါက

XL = ၄၀

VI = ၆

XLVI ကို ၄၆ ဟုဖတ်ရပေမည်။

CCCLIX ကိုဖတ်ရာတွင်လည်း

CCC = ၃၀၀

L = ၅၀

IX = ၉

ထို့ကြောင့် CCCLIX ကို ၃၅၉ ဟုဖတ်ရမည်ဖြစ်သည်။ 

ကျန်သောဂဏန်းများကို ဖော်ပြပါနည်းအတိုင်း ရေးနိုင်ဖတ်နိုင်ပါလိမ့်မည်။ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။ 

Ref: မသောင်းရွှေ၏ သင်္ချာအခြေခံ နိယာမလင်္ကာများစာအုပ်

By Myanmar Education Guide (EDGE) 

Tips Read 6690 times