Sales Hotline : 09448001653       Download App



၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် တိုင်းနှင့်ပြည်နယ်အလိုက် အမှတ်အများဆုံး ရရှိထားသူများကို ပညာသင်ဆုချီးမြှင့်မည်

၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် တိုင်းနှင့်ပြည်နယ်အလိုက် အမှတ်အများဆုံး ရရှိထားသူများကို ပညာသင်ဆုချီးမြှင့်မည်

၁။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ဆုကို ၂၀၁၇ ခုနှစ်၊ တက္ကသိုလ် ၀င်စာမေးပွဲတွင် တိုင်းနှင့်ပြည်နယ်အလိုက် သိပ္ပံဘာသာတွဲတွင် ပထမရရှိသူ (၁၄) ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင် ပထမရရှိသူ (၁၄) ဦး စုစုပေါင်း (၂၈) ဦးမှ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် တက်ရောက်သူ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူ (၂၆) ဦးကို ပညာသင်ဆု ချီးမြှင့်ရေးအဖွဲ့မှ ချီးမြှင့်ခဲ့ပါသည်။

၂။ ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ဆုကို ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းနှင့်ပြည်နယ်အလိုက် သိပ္ပံဘာသာတွဲတွင် ပထမရရှိသူ (၁၄) ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင် ပထမရရှိသူ (၁၄) ဦး စုစုပေါင်း (၂၈) ဦးမှ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် တက်ရောက်သူ နေ့သင်တန်းတွင် မှတ်ပုံတင်၍ အမှန်တကယ် တက်ရောက်နေသော  ကျောင်းသား၊ ကျောင်းသူများကိုသာ ပညာသင်ဆု ချီးမြှင့်ရေးအဖွဲ့မှ ချီးမြှင့်မည် ဖြစ်ပါသည်။

၃။ ထို့သို့ ချီးမြှင့်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိသော စုစုပေါင်းရမှတ် တူညီနေပါက အင်္ဂလိပ်စာရမှတ် မြင့်မားသူကိုလည်းကောင်း၊ အင်္ဂလိပ်စာ ရမှတ်တူညီနေပါက သင်္ချာရမှတ် မြင့်မားသူကိုလည်းကောင်း၊ သင်္ချာရမှတ် တူညီနေပါက မြန်မာစာ ရမှတ် မြင့်မားသူကိုလည်းကောင်း ရွေးချယ်မည် ဖြစ်ပါသည်။

၎။ တက္ကသိုလ်ပညာသင်ဆုကို အောက်ပါစည်းကမ်းချက်များအရ ချီးမြှင့်မည် ဖြစ်ပါသည်။

(က) ကျောင်းသား၊ ကျောင်းသူသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ) နိုင်ငံတော်က တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ပုံမှန်ဘွဲ့ကြို၊
ဘွဲ့လွန်သင်တန်း များ တက်ရောက်နေစဉ်အတွင်း နှစ်စဉ်သင်တန်းအောင်မြင်ပြီးမြောက်ရမည်။

(ဂ) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် စည်းကမ်း၊ ရပ်ရွာစည်းကမ်းများကို စောင့်ထိန်းလိုက်နာပြီး
နယ်ဘက်ဆိုင်ရာ ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။

(ဃ) ကျောင်းခေါ်ကြိမ် ပြည့်မီစွာ တက်ရောက်ရမည်။

(င) ဘွဲ့ကြို တန်းအောင်မြင်ပြီးနောက် အဆိုပါ ဘာသာရပ် အထူးပြုဖြင့် ဘွဲ့လွန်သင်တန်း ဆက်လက်
တက်ရောက်လိုပါက သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခ(ဌာနမှူး)က ထောက်ခံလျှင် ပညာသင်ဆုကို
ဆက်လက်ချီးမြှင့်ပေးမည်။

(စ) အထက်အပိုဒ်ခွဲ (ခ)(ဂ)(ဃ) တစ်ခုခုကို ပျက်ကွက်/ကျူးလွန်ပါက ပညာသင်ဆု ချီးမြှင့်ခြင်းကို
ရပ်ဆိုင်းမည်။

၅။ သို့ဖြစ်ပါ၍ ပူးတွဲ(က)ပါ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲတွင် ပထမရရှိသူများစာရင်းမှ မိမိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် နေ့သင်တန်း၌ တက်ရောက် ပညာသင်ကြားလျက်ရှိပါက ပူးတွဲ(ခ)ပါပုံစံအတိုင်းပြုစု၍ အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့ရမည်။

Science

source: TU Info

Local Read 2000 times