Sales Hotline : 09448001653       Download App



အ​ခြေခံပညာ အထက်​တန်းအဆင့်​ ​ကျောင်းသား/သူများအတွက်​ YSE ပညာသင်​ဆု

အ​ခြေခံပညာ အထက်​တန်းအဆင့်​ ​ကျောင်းသား/သူများအတွက်​ YSE ပညာသင်​ဆု

YSE သည် မြန်မာနိုင်ငံရှိ အထက်တန်း ( ၉ တန်းနှင့် ၁၀ တန်း) ကျောင်းသားကျောင်းသူများအတွက် ပညာရေးကို အခက်အခဲမရှိ သင်ယူနိုင်စေရန် နှစ်စဉ် ပညာသင်ဆုများကို ပေးအပ်မည် ဖြစ်သည်။

ကျောင်းသား အများစုသည် ငွေကြေး ပြဿနာများ၊ ကျန်းမာရေး ပြဿနာများ၊ မိသားစု ကိစ္စများ နှင့် အခြား အခြားသော အခက်အခဲများကြောင့် အလယ်တန်းပညာအဆင့်ထိသာ သင်ယူပြီးနောက် ကျောင်းရပ်နားကာ ပညာသင်ယူမှု ကို ရပ်နားရသည့် အဖြစ်များ မြောက်များစွာ ရှိသည်။

YSE သည် ဤအခက်အခဲများအား တတ်နိုင်သည့်ဘက်မှ ကူညီရန် ကျောင်းတက်ကာလ ၁၀ လအတွက် မြန်မာကျပ်ငွေ ၅၀၀,၀၀၀ ပညာသင်ဆုကို ငွေကြေး ထောက်ပံ့မှု အနေဖြင့် ပေးအပ်မည် ဖြစ်သည်။ YSE သည် ဤနှစ်စဉ် ပညာသင်ဆုကို အမှန်တကယ်လိုအပ်သော ကျောင်းသား ကျောင်းသူများ၊ ဆုံးဖြတ်ချက် ခိုင်မာပြီး ရည်မှန်းချက် ကောင်းသူများ၊ သင်ယူလိုစိတ်ရှိသူများအား ပေးအပ်ရန် ရည်ရွယ်ပါသည်။

ပညာသင်​ဆု ​လျှောက်​ထားနိုင်​​သောသူများ

(၁) YSE နှစ်​စဉ်​ပညာသင်​ဆုအား ၂၀၁၉-၂၀၂၀ ပညာသင်​နှစ်​တွင်​ နဝမတန်းနှင့် ဒသမတန်း၌ တက်​ရောက်​သင်​ကြားမည့် မြန်​မာနိုင်​ငံတစ်​ဝန်း၌ရှိ​သော ​ကျောင်းသား၊ ​ကျောင်းသူများ အားလုံး​လျှောက်​ထားနိုင်​ပါသည်​။

(၂) ​လျှောက်​ထားသူများသည်​ မိဘ သို့မဟုတ်​ အုပ်​ထိန်းသူ တစ်ဦးဦး​၏ သ​ဘောတူညီမှုပါမှသာ ပညာသင်​ဆုကို​လျှောက်​ထားနိုင်​မည်​ ဖြစ်​သည်​။

ပညာသင်​ဆုနှင့်​ပတ်​သက်​​၍ သိရှိထားရမည့် အ​ချက်များ

(၁) YSE နှစ်​စဉ်​ပညာသင်​ဆု ရရှိသူသည်​ ပညာသင်​နှစ်​ တစ်​နှစ်​တာ(ဇွန်​လမှ မတ်​လအထိ ၁၀ လ)လစဉ် ပညာသင်ဆုငွေ ငါးသောင်းကျပ် ရရှိမည်ဖြစ်သည်။

(၂) လျှောက်​လွှာ​အား ပြည့်စုံစွာ ဖြည့်စွက်ပြီး လိုအပ်ေ​သာ စာရွက်စာတမ်းများနှင့်တကွ ​​​​သက်ဆိုင်ရာ တာဝန်ရှိသူထံသို့ ဖြစ်စေ၊ [email protected] သို့ အီးမေးလ်ပို့၍ဖြစ်စေ၊ေ​​ဖ​ဖော်ဝါရီလ ၂၈ ရက်ေ​​န့ နောက်​ဆုံး​ထား၍ ပေးပို့​ပေးရမည်​ဖြစ်​သည်​။

(၃) ပထမအဆင့်​​လျှောက်​လွှာတွင်​​ ရွေးချယ်​ခံရသူများသည်​ ဧပြီလအတွင်း သက်​ဆိုင်​ရာ​ကျောင်း၌ တာဝန်​ရှိသူများနှင့်​ လူ​တွေ့​ဖြေဆိုရမည်​။

(၄) နောက်​ဆုံးအဆင့်​​ရွေးချယ်​ခံရသူများအား ၂၀၁၉ ခုနှစ်​ ​မေလတွင် ကြေညာသွားမည်​ဖြစ်​သည်​။၂၀၁၉ ခုနှစ်​ ဇွန်​လမှ စ၍ ပညာသင်​ဆုအား ​ပေးအပ်​သွားမည်​ဖြစ်​သည်​။

(၅) ပညာသင်​ဆုနှင့်​ပက်​သက်​၍ အငြင်းပွားဖွယ်​တစ်​စုံတစ်​ရာဖြစ်​​ပေါ်ပါက Youth Society for Education (Yangon) ၏ ဆုံးဖြတ်​ချက်​သာ အတည်​ဖြစ်​သည်​။

လျှောက်လွှာနှင့်တကွ ပေးပို့ရမည့် စာရွက်စာတမ်းများ

(၁) အိမ်ထောင်စုစာရင်း မိတ္တူ

(၂) သင်၏ လစဉ်ပညာအရည်အချင်းကဒ်ပြား မိတ္တူ

(၃) သင့်မိသားစု၏ တစ်လပျဉ်းမျှဝင်ငွေနှင့် ပတ်သက်သော အထောက်အထား စာရွက်စာတမ်း အကယ်၍ မရှိပါက အဘယ်ကြောင့် မရှိကြောင်း ရှင်းလင်းရေးသား ပေးရပါမည်။

(၄) သင်၏ ဆရာ၊ ဆရာမထံမှ ထောက်ခံစာ

လျှောက်​လွှာကို ​အောက်​ပါလင့်​တွင်​ ​ဒေါင်းလုပ်​ရယူပါ။ 

https://goo.gl/63eppZ

source: Youth Society for Education

Local Read 3143 times