Sales Hotline : 09448001653       Download App



ကလေးမွေးဖွားနှုန်း ကျဆင်းစေသည့် ပုဂ္ဂလိကပညာရေးအသုံးစရိတ်များ လျှော့ချရန် တောင်ကိုရီးယား အစိုးရ ဆောင်

ကလေးမွေးဖွားနှုန်း ကျဆင်းစေသည့် ပုဂ္ဂလိကပညာရေးအသုံးစရိတ်များ လျှော့ချရန် တောင်ကိုရီးယား အစိုးရ ဆောင်ရွက်မည်


နိုင်ငံ၏ ကလေးမွေးဖွားနှုန်း ကျဆင်းမှု၏ နောက်ကွယ်တွင် အဓိကအကြောင်းရင်းတစ်ခုအဖြစ် အပြစ်တင်ခံထားရသည့် နိုင်ငံ၏ ကြီးထွားလာသော ပုဂ္ဂလိကပညာရေးအသုံးစရိတ်ကို လျှော့ချရန် ရည်ရွယ်သည့် တောင်ကိုရီးယားအစိုးရသည့် အစီအစဉ်များကို ဇွန် ၂၆ တွင် ထုတ်ဖော်ပြသခဲ့သည်။
သားသမီးအတွက် ပုဂ္ဂလိကပညာရေးအသုံးစရိတ် မြင့်မားနေသဖြင့် မိဘများသည် ကလေးယူရန် နောက်တွန့်နေကြသဖြင့် နိုင်ငံ၏ ကလေးမွေးဖွားနှုန်း ကျဆင်းနေစေသည်။
.
ယခုလအတွင်း တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယေးက အစိုးရကျောင်းများတွင် သင်ရိုးညွှန်းတမ်းတွင် မပါဝင်သည့် အကြောင်းအရာများကို မေးခွန်းများ၊ အသေသတ်သည့် မေးခွန်းများ "killer questions" မေးမြန်းသည့်  ကောလိပ်ဝင်ခွင့်စာမေးပွဲများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ 

“ ပုဂ္ဂလိက ပညာရေးမှာ ကျောင်းသားတွေနဲ့ မိဘတွေကြား ပြိုင်ဆိုင်မှု လွန်လွန်ကဲကဲ ဖြစ်လာစေတဲ့ စာမေးပွဲတွေမှာ အသေသတ်တဲ့မေးခွန်းတွေရဲ့ ဆိုးရွားတဲ့ သံသရာကို ကျွန်တော်တို့ အပြတ်ဖြတ်မယ်" ဟု ပညာရေးဝန်ကြီး Lee Ju-ho က ပြောကြားသည်။

ပုဂ္ဂလိက ပညာရေးမှာ အချင်းချင်းညှိ၍ အပြိုင် မလုပ်ဘဲ အမြတ်ထွက်ရန် ကြံစည်သဘောတူသည့် စီးပွားရေးသမား အုပ်စုများကို နှိမ်နင်းမည်ဟု  ဝန်ကြီးဌာနက ဆိုသည်။ ၎င်းတို့၏ ကြော်ငြာများကို စောင့်ကြည့်ပြီး မဟုတ်မမှန်နှင့် ချဲ့ကားကြော်ငြာခြင်းများကို  အရေးယူမည်ဟု ဆိုသည်။

 တောင်ကိုရီးယားနိုင်ငံသားများသည် ယမန်နှစ်က ပုဂ္ဂိလက ကိုယ်ပိုင်ပညာရေးအတွက် ဝမ် ၂၆ ထရီလီယံ (ကန်ဒေါ်လာ ၂၇ ဘီလီယံ)ကို စံချိန်တင် သုံးစွဲခဲ့သည်။ ကလေးမွေးဖွားနှုန်း ကျဆင်းနေသဖြင့် ကျောင်းသူကျောင်းသား ဦးရေ လျော့ကျလာနေသော်လည်း ပုဂ္ဂလိကပညာရေးအသုံးစရိတ် ပိုများလာနေသည်ဟု ပညာရေးဝန်ကြီးဌာနက အစီရင်ခံသည်။

ကျောင်းသူကျောင်းသား ၁၀ ယောက်တွင် ၈ ယောက်နီးပါးသည် "hagwons" ဟု ခေါ်သည့် စာတွန်းသင်သည့် ပုဂ္ဂလိကကျောင်းမျိုးကို တက်ရောက်ပြီး ပုဂ္ဂလိကပညာရေးမှာ အသုံးစရိတ် ကြီးမားနေကြသည်။ 

ဈေးကြီးသည့် ပုဂ္ဂလိကပညာရေးအပေါ် အလွန်အမင်း မှီခိုအားထားမှုကြောင့် တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် သားသမီး လူလားမြောက်အောင်ပြုစုပျိုးထောင်မှု ကုန်ကျစရိတ် အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ ကလေးမွေးဖွားနှုန်း အနည်းဆုံး နိုင်ငံ ဖြစ်နေစေသည်။

Source: Reuters
 

International News Read 456 times