Sales Hotline : 09448001653       Download App



တိုင်းရင်းသားဘာသာစကားတတ်ကျွမ်းသော ဆရာမများအတွက် သတင်းကောင်း 

နေ့စားလပေး ဆရာ/ ဆရာမ Teaching Assistant (TA) များအား အမြဲတမ်း၊ ဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားနိုင်ရေးနှင့် စပ်လျဉ်းသည့် ရွေးချယ်ခန့်ထားရေးမူများ နှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန် ကြားရေးမှူးရုံး မှ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အထက်အကြောင်းအရာပါကိစ္စနှင့် စပ်လျဉ်း၍ တိုင်းရင်းသားဘာသာစာပေ သာမက ကျောင်းသင်ဘာသာရပ်များ သင်ကြားရာတွင် အထောက်အကူပြု နေ့စားလပေး Teaching Assistant (TA) ဆရာ၊ ဆရာမ (ဘွဲ့ရ)များအနက် ပညာရေးကောလိပ်တွင် ဖွင့်လှစ်သည့် မူလတန်းအတတ်သင် စာပေးစာယူ သင်တန်းအောင်မြင်ပြီးသော ဆရာ၊ ဆရာမများအား အမြဲတမ်း ဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားပေးနိုင်ရေးကို ပညာရေး ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ ၄-၉-၂၀၂၀ တွင် အမြဲတန်းဝန်ထမ်းများ ခန့်အပ်နိုင်ရန် အကြောင်းကြားစာကို ထုတ်ပြန်ခဲ့သည်။

ထိုအကြောင်းကြားစာတွင် Teaching Assistant (TA) Language Teacher(LT) ရွေးချယ်ခန့်ထားရေးမူ နှင့် Teaching Assistant (TA) များကို အမြဲတမ်း PAT အဖြစ် ရွေးချယ်ခန့်ထားရေးမူများ ပူးတွဲပါဝင်ပါသည်။ 

Teaching Assistant (TA) Language Teacher (LT)ရွေးချယ်ခန့်ထားရေးအတွက် ခန့်ထားရေး “မူ” ပုံစံများမှာ-

၁။ လျှောက်လွှာများ လျှောက်ထားရာတွင် ပြည့်စုံမှုမရှိသောလျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ပြည့်စုံမှန်ကန်သောလျှောက်လွှာများကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။

၂။ လျှောက်ထားသူသည် ပညာအရည်အချင်း အနိမ့်ဆုံး နဝမတန်းအောင်မြင်သူ ဖြစ်ရမည်။ 

၃။ တိုင်းရင်းသားဘာသာသင်ကြားမည့် မူလတန်းအောက်ဆင့်  (Grade-1, Grade-2,- Grade-3) စုစုပေါင်းကျောင်းသားဦးရေ - 

  • ၂၀ ဦးမှ ၄၀ ဦးအထိ                       TA (၁) ဦး 
  • ၄၁ ဦးမှ ၈၀ ဦးအထိ                      TA (၂) ဦး 
  • ၈၁ ဦးမှ ၂၀၀ ဦးအထိ                     TA (၃) ဦး 
  • ၂၀၁ ဦးနှင့်အထက်                         TA (၄) ဦး

၄။ လျှောက်ထားသည့်ကျောင်းနှင့် တိုင်းရင်းသားဘာသာ တူညီနေပါက ပညာအရည်အချင်းမြင့်မားသူကို ဦးစားပေးရန်နှင့် ပညာအရည်အချင်းတူညီပါက အသက်ကြီးသူကို ဦးစားပေးခန့်ထားမည်။

၅။ တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) ခန့်ပြီးသည့်ကျောင်းတွင် မလိုအပ်ပါက - ထပ်မံခန့်ထားခြင်းမပြုပါ။ 

၆။ တိုင်းရင်းသားဘာသာသင်ကြားသူ ထောက်ပံ့ကြေး (၃ဝဝဝဝိ/-) ခံစားသူများမှ Teaching
Assistant (TA) လျှောက်ထားပါက မူဘောင်နှင့် ကိုက်ညီသူများကိုသာ ခန့်ထားမည်။

 ၇။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ခံတင်ပြထားသော အခြေခံပညာကျောင်းများတွင် ခန့်ထားမည်။

၈။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က သင်ကြားရန်ခွင့်ပြုထားသော တိုင်းရင်းသားဘာသာများနှင့် ကိုက်ညီသူများကိုသာ ဦးစားပေးခန့်ထားမည်။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိသေးသော တိုင်းရင်းသားစာပေများအတွက် ခန့်ထားခြင်းမပြုပါ။

၉။ ကျောင်းတစ်ကျောင်တွင် Teaching Assistant (TA) နှင့် Language Teacher (LT) လျှောက်လွှာများ ထပ်နေလျှင် Lamguage Teacher (LT) ခန့်ထားခြင်းမပြုပါ။ Teaching Assistant (TA) လျှောက်လွှာများကိုသာ ဦးစားပေးမည်။ 

၁၀။ အတွင်းမူလတန်းပြ Language Teacher (LT) ရှိပြီးသား ကျောင်းများတွင် Teaching Assistant (TA) ခန့်ထားပြီးပါက အတွင်းမူလတန်းပြ Language Teacher (LT) များ ထောက်ပံ့ကြေးပေးခြင်းကို ရပ်ဆိုင်းမည်။ 

၁၁။ တိုင်းရင်းသားဘာသာစကားသင်ကြားသော ကျောငး်များတွင် ကျောင်းသားကျောင်းသူများ (၁၀)ဦးနှင့် အထက်ရှိမှသာ Language Teacher (LT) ခန့်ထားပေးမည်။ 

 

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန 

တိုင်းရင်းသားစာနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၊ ကချင်ပြည်နယ်။
 

Latest Post News Read 2369 times