အင်္ဂလန်နိုင်ငံ The Open University မှ အခမဲ့ သင်တန်း (၉၀၀) ကျော်

အင်္ဂလန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ The Open University က ဖွင့်လှစ်ပေးထားတဲ့ အခမဲ့အွန်လိုင်းသင်တန်းတွေဟာ အနာဂတ်အလားအလာကို မြှင့်တင်လိုသူတိုင်းအတွက် သင့်တော်ပါတယ်။ 

The Open University ရဲ့ အွန်လိုင်းပလပ်ဖောင်းဖြစ်တဲ့ OpenLearn မှာ ကျန်းမာရေး၊ အားကစား၊ ဥပဒေ၊ စိတ်ပညာ၊ ပညာရေး၊ နည်းပညာ၊ စီးပွားရေး၊ ဘာသာစကား၊ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ပညာရပ်တွေကို သင်ကြားပို့ချပေးနေပါတယ်။

ဒါဆိုသင်တန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို အောက်မှာ ဆက်ကြည့်လိုက်ကြရအောင်_

  • University: Open University, United Kingdom

  • Number of Courses: 917

  • Online Learning Platform: OpenLearn

  • Deadline: Open Now

ဒီသင်တန်းတွေက ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ_

  • သင်တန်းဆင်းလက်မှတ် အခမဲ့ ရရှိနိုင်ခြင်း
  • တက္ကသိုလ်မှ အသိအမှတ်ပြု Online Digital Badge ပါရှိခြင်း
  • အခမဲ့ တက်ရောက်နိုင်ခြင်း
  • သင်တန်းအမျိုးအစား (၁,၀၀၀) နီးပါး ရွေးချယ်နိုင်ခြင်း
  • စာရင်းသွင်းပြီးတာနဲ့ တပြိုင်နက် တက်ရောက်နိုင်ခြင်း
  • အချိန်ကန့်သတ်ချက်၊ အသက်ကန့်သတ်ချက် မရှိခြင်း
  • အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်ခြင်း

ရွေးချယ်တက်ရောက်နိုင်တဲ့ ပညာရပ်နယ်ပယ်များ_

  1. Money & Business
  2. Education & Development
  3. Health, Sports & Psychology
  4. History & The Arts
  5. Languages
  6. Nature & Environment
  7. Science, Maths & Technology
  8. Society, Politics & Law
  9. Digital & Computing

ဘယ်လိုလျှောက်ထားရမလဲ_

  • Open University ရဲ့ Official Website ကိုသွားပြီး ကိုယ်စိတ်ဝင်စားတဲ့ သင်တန်းအမျိုးအစားကို ရှာဖွေပါ။

  • သင်တန်းလင့်ခ်ကို နှိပ်ပြီး သင်တန်းရဲ့ ဖော်ပြချက် အကျဥ်းချုပ်၊ သင်ရမယ့် အကြောင်းအရာတွေကို ဖတ်ရှုကြည့်ပါ။

  • စိတ်ဝင်စားရင် “Enter course” ကိုနှိပ်ပါ။

  • ကိုယ်ရေးအချက်အလက်တွေ ဖြည့်စွက်ပါ။

  • ဖြည့်ပြီးရင် သူတို့ဘက်က အတည်ပြုတာကို စောင့်ပါ။ 

  • ပြီးရင်တော့ သင်တန်း စတက်လို့ ရပါပြီ။

အောက်မှာ ပေးထားတဲ့ လင့်ခ်ကနေ သင်တန်းအမျိုးအစားတွေကို ဝင်ရောက်ရှာဖွေပြီး ကိုယ်စိတ်ဝင်စားတဲ့ အတန်းကို စာရင်းပေးသွင်း လျှောက်ထားနိုင်ပါတယ်။

https://www.open.edu/openlearn/free-courses/full-catalogue 

ဒီသင်တန်းတွေကနေတဆင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ အထောက်အကူပြုစေမယ့် ကျွမ်းကျင်မှုတွေနဲ့ အသိပညာအသစ်တွေကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ကုန်ကျမှုမရှိဘဲ နိုင်ငံတကာ တက္ကသိုလ်တစ်ခုကနေ ကမ္ဘာ့အဆင့်မီ ပညာရေးကို ရယူလိုတဲ့ ကျောင်းသားတွေ တက်ရောက်သင့်ပါတယ်။ 

================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 1641 times