ချင်းမိုင်တက္ကသိုလ်ကနေ မြန်မာလို သင်ကြားပေးမယ့် အွန်လိုင်းသင်တန်း

ဘွဲ့ရပြီးသူတွေ (သို့) နောက်ဆုံးနှစ်တက်ရောက်နေဆဲ မြန်မာကျောင်းသား/ကျောင်းသူတွေအတွက် ချင်းမိုင်တက္ကသိုလ်ကနေ စနေ၊ တနင်္ဂနွေ ဖွင့်လှစ်ပေးမယ့် အွန်လိုင်းသင်တန်းတစ်ခုကို ပညာသင်ဆုလျှောက်ပြီး တက်လို့ရကြောင်း မျှဝေပေးချင်ပါတယ်။

Development Studies & Social Research Certificate Program ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လကနေ ဒီဇင်ဘာလအထိ (၅) လတက်ရောက်ရမှာဖြစ်ပါတယ်။

ဒီပရိုဂရမ်က လုံး၀ အွန်လိုင်းဖြစ်ပြီး ဘာသာစကားအနေနဲ့လည်း မြန်မာနဲ့ အင်္ဂလိပ် ရောပြီး သင်ကြားရမှာဖြစ်လို့ ဘာသာစကားအခက်အခဲအတွက် အများကြီး စိတ်ပူစရာ မလိုပါဘူး။

Development Studies & Social Research ဖြစ်တဲ့အတွက် လူမှုရေးဆိုင်ရာ သုတေသနပိုင်းကို စိတ်ဝင်စားပြီး ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသူတွေ လျှောက်သင့်ပါတယ်။

လူမှုရေးသီအိုရီနဲ့ လက်တွေ့သုတေသနအလေ့အကျင့်တွေကြား ဆက်စပ်မှုကို နားလည်သဘောပေါက်ပြီး သင်နဲ့အတူ သင့်လူမှုအသိုင်းအဝန်းတစ်ခုလုံးကို တည်ဆောက်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေ၊ အသိပညာတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။ 

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ကျွမ်းကျင်တဲ့ မျိုးဆက်သစ် လှုမှုရေးသုတေသီတွေ အရင်ကထက် ပိုမိုလိုအပ်တာကြောင့် ဒီပရိုဂရမ်ကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

တက်ရောက်သူတွေအနေနဲ့ နိုင်ငံတကာပညာရှင်တွေ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကွန်ရက်ရရှိပြီး အနာဂတ်အခွင့်အလမ်းတွေအတွက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဒါ့အပြင် အောင်လက်မှတ် ရရှိပြီးရင် ချင်းမိုင်တက္ကသိုလ်မှာ လူမှုရေးသိပ္ပံ မဟာဘွဲ့ဆက်တက်ဖို့အတွက် ဒီသင်တန်းကနေ Credit လည်းရရှိမှာ ဖြစ်ပါတယ်။

သင်တန်းကို ဗီဒီယိုတွေကနေတဆင့် လေ့လာရမှာဖြစ်တဲ့အတွက် အချိန်အများကြီးမပေးနိုင်သူတွေ၊ ပုံမှန်အချိန်ဇယားနဲ့ မတက်ချင်သူတွေ၊ အင်တာနက်လိုင်းသိပ်မကောင်းတဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။

သင်တန်းမှာ Module (၇) ခု၊ Term paper (သို့) assignment (၁) ခုအပြင် Group discussios၊ Self-study နဲ့ Teamwork လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Module (၁) ခုပြီးဖို့ (၄၅) နာရီ ကြာမြင့်မှာဖြစ်ပြီး Lectures နဲ့ Discussions တွေကိုတော့ မြန်မာလို လေ့လာရမှာ ဖြစ်ပါတယ်။ 

သင်တန်းဆရာတွေနဲ့လည်း Live Discussion (သို့) တခြား ချန်နယ်တွေကနေတဆင့် မရှင်းတာရှိရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။  

သင်တန်းကို ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံဌာန၊ လူမှုသိပ္ပံနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (RCSD) ရဲ့ သုတေသနအဖွဲ့မှ ဒေါက်တာ Mike Griffiths ကိုယ်တိုင်သင်ကြားပို့ချမှာ ဖြစ်ပြီး  ဆရာက မြန်မာနိုင်ငံမှာ သင်ကြားရေးနဲ့ သုတေသန အတွေ့အကြုံ (၁၅) နှစ်ကျော်ရှိတယ်လို့ သိရပါတယ်။

သင်တန်းစျေးနှုန်းက (18,100 THB/ ခန့်မှန်းခြေ 495 USD) ရှိပြီး ပညာသင်ဆုနဲ့ တက်ရောက်ချင်ရင် အောက်ပါလင်ခ့်ကနေတဆင့် လျှောက်ထားနိုင်ပါတယ်။ ဖောင်အဆုံးမှာ "ငွေကြေးအထောက်အပံ့လိုအပ်လား" မေးခွန်းကို "Yes" နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

> https://docs.google.com/forms/d/

Duration: 5 months
Date: August – December 2025
Time: Sat & Sun
Application deadline: 7 August 2025 

အသေးစိတ်ဖတ်ရှုရန် >> https://rcsd.soc.cmu.ac.th/news

=================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Local Read 1096 times