၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်ပေးမှုများ ယာယီရပ်ဆိုင်း

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများကို ဇူလိုင် (၃၀) ရက်နေ့မှ စတင် ထုတ်ပေးခဲ့ပြီး ဩဂုတ်လ (၄) ရက်နေ့တွင် အမှတ်စာရင်း ထုတ်ပေးမှုများ ယာယီရပ်နားလိုက်ကြောင်း သိရသည်။

ဇူလိုင်လ (၃၀) ရက်နေ့၊ မနက် (၈) နာရီတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအမှတ်စရင်းများ စတင် ထုတ်ပေးနေရာ (၈) နာရီ (၄၅) မိနစ်ခန့်တွင် အမှတ်စာရင်းထုတ်ပေးသည့် စနစ်ချို့ယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနများ၏ အမှတ်စာရင်းအချို့မှာ အမှားအယွင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဇူလိုင် (၃၀) ရက်နေ့ မွန်းလွဲ (၂) နာရီမတိုင်ခင် ထုတ်ယူခဲ့သည့် အမှတ်စာရင်းစာရွက်ကို ယူဆောင်လာပြီး အမှတ်စာရင်းအမှန် ပြန်လည်ထုတ်ယူနိုင်ပါကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံစာစစ်ဦးစီဌာနမှ ဆာဗာစနစ်တွင် ထည့်သွင်းထားသော အချက်အလက်များကို ပြန်လည် စစ်ဆေးလျက်ရှိပြီး ပြီးစီးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာ ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အမှတ်စာရင်းများအား မည်သည့်အချိန် ပြန်လည်ထုတ်ပေးမည်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း ဩဂုတ်လ (၇) ရက်နေ့တွင် ပြန်လည်ထုတ်ယူနိုင်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

အမှတ်စာရင်းနှင့် အောင်လက်မှတ်များ ထုတ်ယူရာတွင် လိုအပ်သည့်အချက်များ
> https://www.edge.com.mm/article/myanmar-matriculation-exam-results.html

===============

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 209 times