Chulabhorn Graduate Institute က ပေးအပ်တဲ့ Master ပညာသင်ဆု

ထိုင်းနိုင်ငံ၊ Chulabhorn Graduate Institute ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လမှာ မာစတာတန်း တက်ရောက်ဖို့ ကျောင်းသား (၁၅) ယောက်ကို ပညာသင်ဆု အပြည့်အ၀ ပေးသွားမှာဖြစ်ပါတယ်။

လျှောက်လွှာကြေး မပေးရတဲ့အပြင် အကျိုးခံစားခွင့်လည်း အများကြီး ရရှိမှာဖြစ်တဲ့အတွက် Health နဲ့ Life Science ပိုင်းကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ လျှောက်သင့်တဲ့ ပညာသင်ဆုပါ။ 

Host Country: Thailand

University: Chulabhorn Graduate Institute

Degree Level: Masters

Financial Coverage: Fully Funded

Deadline: 30th September 2025

ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

- အသက် (၃၀) နှစ်အောက်ငယ်သူဖြစ်ရပါမယ်။

- အနည်းဆုံး GPA 2.75 နဲ့ အောက်ဖော်ပြပါဘာသာရပ်တို့မှာ ဘွဲ့ရရှိထားသူဖြစ်ရပါမယ်။

  • Sciences: Chemistry, Biology, Biological Sciences, Molecular Biology, Environmental Sciences
  • Medical Sciences: Medicine, Medical Technology
  • Pharmacy or Pharmaceutical Sciences

- Scientific Laboratory Research အတွေ့အကြုံရှိရင် တခြားနယ်ပယ်က ဘွဲ့ရထားသူတွေလည်း လျှောက်ထားနိုင်ပါတယ်။

- TOEFL (သို့) IELTS အမှတ်စာရင်း တင်ပြနိုင်ရပါမယ်။

- Statement of Purpose (၁) စောင် ရေးပေးရပါမယ်။

တက်ရောက်နိုင်မယ့် ပရိုဂရမ်များ

  • Applied Biological Sciences: Environmental Health
  • Environmental Toxicology
  • Chemical Sciences

အကျိုးခံစားခွင့်

  • Tuition and other academic fees (credit fee, laboratory expenses, refresher course fee, enrollment fee, thesis fee, production of thesis documents)
  • Round trip airfare
  • Visa fee
  • First settlement allowance
  • Relocation allowance
  • Accommodation
  • Monthly stipend
  • Book allowance
  • Health insurance

ပညာသင်ဆုကာလ

(၆) ပတ် သင်တန်းပေးမှာဖြစ်ပြီး မာစတာတန်း (၂) နှစ် တက်ရောက်ရမှာပါ။ 

တင်ပြရမယ့် စာရွက်စာတမ်းများ

  • ဘွဲ့လက်မှတ်နဲ့ အမှတ်စာရင်း
  • Recommendation Letter (၃) စောင်
  • Statement of Purpose
  • ဆေးမှတ်တမ်း 
  • တခြား လိုအပ်တဲ့ စာရွက်စာတမ်းများ 

လျှောက်ထားရမယ့်ပုံစံ

- ပညာသင်ဆုလျှောက်လွှာနဲ့ အပေါ်မှာ ဖော်ပြပေးထားတဲ့ စာရွက်စာတမ်းတွေကို Scan ဖတ်ပြီး [email protected] ကို အီးမေးလ်ပေးပို့ လျှောက်ထားရမှာပါ။ (***ပညာသင်ဆုလျှောက်လွှာနဲ့ ဆေးမှတ်တမ်းကို Word ဖိုင် ပေးထားပါတယ်***)

- နောက်ပြီး အပေါ်က စာရွက်စာတမ်းတွေအားလုံးကို အောက်ပါလိပ်စာအတိုင်း စာတိုက်ကနေ ပို့ပေးဖို့လည်း လိုအပ်ပါတယ်။

Chulabhorn Graduate Institute (CGI Scholarship Program)    
54 Kamphangphet 6 Road, Talat Bang Khen, Laksi, Bangkok 10210, THAILAND

နောက်ဆုံးလျှောက်ထားရမယ့်ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၃၀)

အရွေးခံရသူတွေကို အကြောင်းကြားမယ့်အချိန်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ

အသေးစိတ်ဖတ်ရှုရန်

>> https://www.cgi.ac.th/admissions/cgi-scholarship-international/

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 40 times