MYEO ကနေ (၃) လတာ အခမဲ့ သင်ကြားပေးမယ့် ELI ပရိုဂရမ်

ELI ပရိုဂရမ်ဆိုတာ လူငယ်တစ်ဦးအနေနဲ့ ရှိရမယ့် ခေါင်းဆောင်မှုစွမ်းရည်၊ လူမှုပတ်ဝန်းကျင်မြှင့်တင်ရေးစွမ်းရည်နဲ့ တခြားလိုအပ်တဲ့ လုပ်ငန်းခွင်သုံးစွမ်းရည်တွေကို စာတွေ့ထက် လက်တွေ့လုပ်ဆောင်ရင်း အခမဲ့ သင်ယူနိုင်မယ့် အစီအစဉ်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ 

ELI Program မှာ လျှောက်ထားနိုင်တဲ့ Level (၂) ခုရှိပြီး Level တစ်ခုမှာ အယောက် (၁၀၀) စီပဲ လက်ခံသင်ကြားပေးမှာပါ။

Level (1) - Youth Leardership Development Program

Level (2) - Skilled Community Mobilizer Program

Youth Leardership Development ပရိုဂရမ်က (၃) လကြာမြင့်မှာဖြစ်ပြီး လူငယ်တစ်ဦးမှာ မရှိမဖြစ် အရေးကြီးတဲ့ Leadership၊ Communication နဲ့ Digital Skills တွေကို သင်ကြားရမှာဖြစ်ပါတယ်။

သင်တန်းကာလ (၃) လမှာ ပထမ (၁) လက Online Training ဖြစ်ပြီး နောက် (၂) လမှာတော့ သင်ထားတာတွေကို Service Learning လုပ်ပြီး လက်တွေ့အသုံးချရမှာဖြစ်ပါတယ်။ 

သင်ကြားရမယ့်အကြောင်းအရာများ

Skilled Community Mobilizer ပရိုဂရမ်က ပိုအဆင့်မြင့်သွားပြီး မိမိကိုယ်တိုင် နောက်တဆင့် တိုးတက်မှုလမ်းကြောင်းကို တက်လှမ်းနိုင်ရုံသာမက မိမိပတ်ဝန်းကျင်ကိုပါ မြှင့်တင်နိုင်ဖို့အတွက် သင်ကြားရမှာဖြစ်ပါတယ်။ သူလည်း သင်တန်းကာလ (၃) လဖြစ်ပြီး ပထမ (၁) လက Online Training၊ နောက် (၂) လကတော့ Service Learning ကာလဖြစ်ပါတယ်။

သင်ကြားရမယ့်အကြောင်းအရာများ

Service Learning ကာလမှာတော့ MYEO မှ ပြုလုပ်မယ့် အွန်လိုင်း Boot Camp တွေမှာ ကိုယ်တိုင်ပါဝင်ကာ Assistance Facilitator၊ Class Administration၊ Telegram Facilitation၊ Attendance Data Entry and Processing စတာတွေကို လက်တွေ့လုပ်ဆောင်ရင်း အတွေ့အကြုံယူနိုင်မှာ ဖြစ်ပါတယ်။ 

ELI ပရိုဂရမ်မှာ ပါဝင်ခွင့်ရရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -

  • တကယ့်လက်တွေ့လုပ်နိုင်စွမ်းတွေ တက်လာတယ်။
  • တစ်ခုခုဆို မသိရင်တောင် ကြောက်မနေဘဲ ရှာဖွေလေ့လာတတ်သွားတယ်။
  • အရာရာမှာ ဦးစီးဦးဆောင်လုပ်တတ်လာတယ်။
  • လူရှေ့သူရှေ့မှာလည်း ပြောရဲဆိုရဲလာတယ်။
  • ကိုယ့်ရဲ့ Personal Development အတွက်လည်း ကိုယ်တိုင်လေ့လာတတ်လာတယ်။

ဒီ ELI Program က လူငယ်တွေအနေနဲ့ အရင်ထက် ပိုပြောင်းလဲသွားဖို့၊ ပိုတိုးတက်လာဖို့ ပထမခြေလှမ်းတစ်ခုပါပဲ။

စိတ်ဝင်စားသူတွေကတော့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် (၁၁) ရက်နေ့နောက်ဆုံးထား စာရင်းပေးသွင်းပြီး အင်တာဗျူးအောင်မြင်မှသာ သင်တန်းကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

အချိန်ပြည့်အလုပ်ရှိသူတွေနဲ့ သင်တန်းချိန်နဲ့တိုက်မယ့် အချိန်ပိုင်းအလုပ်လုပ်နေသူတွေအတွက်တော့ သင်တန်းက ရုံးချိန်သင်မှာမို့ အဆင်မပြေနိုင်ပါဘူး။

စာရင်းပေးသွင်းရမယ့်ပုံစံ

Leardership အတွက် MYEO Page Messenger ကနေ make yourself leader ဆိုတဲ့ စာသားပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ 

Community Mobilizer အတွက် MYEO Page Messenger ကနေ mobilize community skill ဆိုတဲ့ စာသားပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ 

ပရိုဂရမ်အကြောင်းအရာ အသေးစိတ်ကိုတော့ MYEO Facebook Page မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local Vocational Read 775 times