Sales Hotline : 09448001653       Download App



Global Sustainable Electricity Partnership မှ ပေးအပ်သွားမည့် ပညာသင်ဆု

Education for Sustainable Energy Development (ESED) ပညာသင်ဆုအတွက် မဟာဘွဲ့သင်တန်းတက်ရောက်သူများ အောက်ပါလင့်တွင် လျှောက်ထားနိုင်ပါသည်။

>>> Click Here <<<

နှစ်စဉ် ၆ ဦးမှ ၁၀ ဦးထိ ပေးအပ်လေ့ရှိပြီး တစ်နှစ်လျှင် USD 21,000 ဖြင့် ၂နှစ်အများဆုံးပေးအပ်သွားမည်ဖြစ်ပါသည်။

Online မှတစ်ဆင့် ၂၀၂၁ခုနှစ် မတ်လ (၈)ရက်နေ့ နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး မည်သည့်တက္ကသိုလ်တွင်တက်ရောက်နေသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာရယူရန် >>> Click Here <<< 

အမေးများသည့်မေးခွန်းများကို လေ့လာလိုပါက အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

>>> Click Here <<<

ပညာသင်ဆုအတွက် သတ်မှတ်ချက်များ

  • Zero-Carbon Energy,
  • Smart Grids,
  • Electric Transportation,
  • Energy storage,
  • Advanced Electricity Technologies များနှင့်ပတ်သတ်ပြီး

မဟာဘွဲ့သင်တန်းအား ပထမနှစ်တက်ရောက်ပြီးသူဖြစ်ပြီး ဒုတိယနှစ်တက်ရောက်နေသူများမှစ၍ လျှောက်ထားနိုင်ပါသည်။

ပညာအရည်အချင်းကောင်းမွန်ပြီး မိမိအတန်း၏ထိပ်ဆုံး ၂၀ရာခိုင်နှုန်းတွင် ပါဝင်သူဖြစ်ရမည်။

လိုအပ်သည့် စာရွက်စာတမ်းများ

  • နိုင်ငံကူးလက်မှတ် (ဓါတ်ပုံပါစာမျက်နှာ) သို့ မွေးစာရင်း
  •  မိမိပညာရေး၊ အလုပ်အတွေ့အကြုံ၊ ရရှိသောဆုများ၊ လုပ်အားပေးအတွေ့အကြုံများဖော်ပြထားသော ကိုယ်ရေးအကျဉ်း
  •  မိမိတက်ရောက်သောတက္ကသိုလ်မှ ကျောင်းအပ်လက်ခံစာ
  • မိမိတက်ရောက်နေသော မဟာဘွဲ့သင်တန်း Program Outline
  • Transcripts
  • ပညာရေးထောက်ခံစာ၊ ပညာရေး (သို့) ပုဂ္ဂိုလ်ရေးထောက်ခံစာ

(ထောက်ခံစာများကို  [email protected] သို့တိုက်ရိုက်ပေးပို့ရမည်ဖြစ်ပါသည်။)

စာရွက်စာတမ်းများအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားရမည်ဖြစ်ပြီး အခြားဘာသာဖြစ်ပါက အင်္ဂလိပ်ဘာသာသို့နိုတြီပြန်ရန်လိုအပ်မည်ဖြစ်ပါသည်။

လျှောက်ထားပုံအသေးစိတ်ကို သိရှိလိုပါက >>> Click Here <<<

Source: WYTU 

By Myanmar Education Guide (EDGE) 

 

International Read 744 times