Sales Hotline : 09448001653       Download App



"ဂျာမနီအစိုရပေးသည့် Full Scholarship ပညာတော်သင်ဆု"

"ဂျာမနီအစိုရပေးသည့် Full Scholarship ပညာတော်သင်ဆု"

ဂျာမနီအစိုးရကပေးသည့် ရာနှုန်းပြည့်ပညာတော်သင်ဆု (DAAD) ဖြင့် ကျန်းမာရေးမဟာသိပ္ပံဘွဲ့ (M.Sc) တက်ရောက်နိုင်ပါသည်။


**ပေးအပ်မည့်ဘွဲ့
M.Sc (International Health)

 

**တက္ကသိုလ်
University of Hedelberg, Germany

 

**လျှောက်လွှာတင်ရမည့်နောက်ဆုံးရက်
အောက်တိုဘာလ (၁၅) ရက်၊ ၂၀၁၉

 

**တက္ကသိုလ်စတက်ရမည့်အချိန်
စက်တင်ဘာလ (၂၀၂၀)

 

ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ် စသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် တက္ကသိုလ်များတွင် ဘွဲ့ယူခဲ့သည့် ကျောင်းသားများအတွက် ဂျာမနီနိုင်ငံ၏ နာမည်ကျော်တက္ကသိုလ် Heildelberg University ၏ ထူးခြားသည့် အခွင့်အရေးသည် စောင့်ကြိုနေပါသည်။

 

ဒီပညာတော်သင်ဆုသည် နှစ်တိုင်းပေးခြင်းဖြစ်သည့်အတွက် ဒီနှစ်အဆင်သင့်မဖြစ်ခဲ့လျှင် နောက်နှစ်များအတွက် ကြိုတင်၍ ပြင်ဆင်ထားပြီး လျှောက်ထားစေချင်ပါသည်။

 

ဂျာမနီ (EU) မှာ ပညာသင်ကြားရသည့် အားသာချက်မှာ ဗီဇာမလိုပဲ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဆွဇ်ဇာလန်၊ နော်ဝေး စသည့်ဥရောပတခွင် လည်ပတ်လေ့လာနိုင်ပါသည်။ ကျောင်းတက်နေသည့် မြန်မာကျောင်းသားများသည် စာသေချာလုပ်၊ ပိုတဲ့ပညာသင်ဆုလေး စုပြီး စာမေးပွဲပြီးတာနှင့် တစ်နိုင်ငံပြီးတစ်နိုင်ငံ လည်ပတ်လေ့လာကြပါသည်။

 

Read More:တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့်ရက် သတင်းစာများတွင် ထုတ်ပြန်မှသာအတည်ဖြစ်မည်

 

ကျောင်းပြီးလျှင် ကျန်းမာရေးဆိုင်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတကာ NGO တွေ၊ UN နှင့် EU အဖွဲ့တွေ၊ ပြည်တွင်း NGO တွေမှာ ရာထူးကောင်းကောင်း၊ လခကောင်းကောင်းနဲ့ လုပ်ရမည့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါသည်။

 

https://www.klinikum.uni-heidelberg.de/Master-of-Science-in…

 

https://www.klinikum.uni-heidelberg.de/Scholarships.7134.0.…

 

https://www.klinikum.uni-heidelberg.de/…/MScIH_Brochure.pdf…

 

https://www.daad.de/…/stipendi…/formulare/epos_deadlines.pdf

 

123

 

Credit : Salai Om Ki

Source: Scholarships & Educational Opportunities for Myanmar

 

 

International Read 976 times