ခေတ်ကာလအရ နည်းပညာခေတ်ဖြစ်တာကြောင့် လိုအပ်တဲ့ သင်ကြားရေးအရင်းအမြစ်တွေကို အွန်လိုင်းကနေ လွယ်လွယ်ကူကူ ရှာဖွေနိုင်လာပါပြီ။
ဒါကြောင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စနစ်သစ်သင်ရိုးကို သင်ယူနေတဲ့ ကျောင်းသား/သူတွေ၊ သင်ကြားနေတဲ့ ဆရာ/မတွေ၊ မိဘတွေအနေနဲ့ ဖုန်းထဲမှာ ရှိထားသင့်တဲ့ App (၃) ခုကို မျှဝေပေးသွားပါမယ်။
Myanmar School Education
KG ကနေ Grade (12) အထိ ကျောင်းသုံးဖတ်စာအုပ်တွေ၊ ဆရာလမ်းညွှန်စာအုပ်တွေ၊ လေ့ကျင့်ခန်းစာအုပ်တွေကို ဒေါင်းလုတ်ရယူနိုင်တဲ့အပြင် တချို့သင်ခန်းစာတွေအတွက် အသံနှင့် ဗီဒီယိုဖိုင် ရှင်းပြချက်တွေကို တစ်စုတစ်စည်းတည်း တွေ့ရှိရမယ့် App ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် Self-study အရင်းအမြစ်ကောင်းတစ်ခုဖြစ်တဲ့အပြင် ဆရာ/မနဲ့ မိဘတွေလည်း အသုံးပြုနိုင်ပါတယ်။
> https://play.google.com/store/apps/details?id=com.mmschooledu&hl=my
Myanmar School App
Grade (1) ကနေ Grade (11) အထိ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်တွေအပြင် အတန်းငယ်လေးတွေအတွက် ဗီဒီယိုသင်ခန်းစာနဲ့ အသံသင်ခန်းစာတွေကိုလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် ဗဟုသုတ ရစေဖို့ ပုံပြင်၊ ကဗျာလေးတွေနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းလေးတွေကိုလည်း မျှဝေပေးထားပါတယ်။
> https://play.google.com/store/apps/details?id=com.myanmarschoolapp&hl=my
Free to Learn
Grade (1) ကနေ Grade (6) အထိ မူလတန်းကလေးတွေအတွက် အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်တွေကို လေ့လာရာမှာ ပျော်ရွှင်စရာကောင်းအောင် သင်ခန်းစာတွေကို ဆွဲဆောင်မှုရှိရှိ ပြင်ဆင်ပေးထားပါတယ်။ Grade အလိုက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီကို App တွေအဖြစ် ဖန်တီးပေးထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရောင်စုံရုပ်ပုံတွေ၊ အန်နီမေးရှင်းတွေ၊ ဉာဏ်စမ်းမေးခွန်းတွေ၊ လေ့ကျင့်ခန်းတွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေ၊ လေ့ကျင့်ခန်းအဖြေလွှာတွေကို တွေ့နိုင်ပါတယ်။
Myanmar Book Space
ဒါလေးကတော့ App မဟုတ်ပေမဲ့ မူလတန်းအဆင့်ကနေ အထက်တန်းအဆင့်အထိ ကျောင်းသား၊ ကျောင်းသူတွေအတွက် အသုံးဝင်တဲ့ Website လေးမို့ ဖော်ပြပေးလိုက်ပါတယ်။ Grade (1) ကနေ Grade (12) အထိ ဖတ်စာအုပ်တွေ၊ လေ့ကျင့်ခန်းအထူးထုတ်စာအုပ်တွေကို ဘာသာရပ်အလိုက် Download ရယူနိုင်ပါတယ်။ ဒါ့အပြင် ထူးခြားတာက Grade (1) ကနေ Grade (5) အထိ မြန်မာနဲ့ အင်္ဂလိပ်ဘာသာရပ်နှစ်ခုအတွက် Lesson Plan တွေကို လွယ်လွယ်ကူကူ ရယူနိုင်ပါတယ်။
> https://mbsi.vercel.app/select-grade
==================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။