ဂျပန်တွင် နိုင်ငံခြားသားကလေး ၈,၆၀၀ ကျော် ကျောင်းတက်ခြင်းမရှိ

 

ယမန်နှစ် မေလတွင် ကောက်ယူထားသော စစ်တမ်းအရ ဂျပန်နိုင်ငံတွင် ကျောင်းနေအရွယ် နိုင်ငံခြားကလေး စုစုပေါင်း ၈၆၀၁ ဦးသည် ကျောင်းစာသင်ခန်းထဲတွင် ရှိမနေကြောင်း ပညာရေး ဝန်ကြီးဌာနက ဩဂုတ်လ (၈) ရက်နေ့တွင် ပြောကြားခဲ့သည်။

 

မူလတန်းနှင့် အလယ်တန်းပညာရေးအတွက် တက်ရောက်ခွင့်ရှိသော ကလေးဦးရေမှာ ယခင်နှစ်ကထက် ၄၁၈ ဦး တိုးလာကြောင်း နိုင်ငံတစ်ဝှမ်းရှိ ဒေသန္တရအုပ်ချုပ်ရေးနယ် ၁၇၄၁ ခု၏ ပညာရေးဘုတ်အဖွဲ့ စစ်တမ်းများအရ သိရသည်။

 

ယင်းတိုးလာမှုသည် ဂျပန်နိုင်ငံတွင် နိုင်ငံခြား ကလေးအရေအတွက် တိုးလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဝန်ကြီးဌာနက ယုံကြည်သည်။

 

ဂျပန်နိုင်ငံတွင် ကျောင်းတက်ခြင်းမရှိသည့် နိုင်ငံခြားကလေး စုစုပေါင်း ၈၆၀၁ ဦးအနက် ၉၇၀ ဦးမှာ ပညာသင်ကြားခွင့်မရှိသူများဟု အတည်ပြုခဲ့ပြီး ၇၁၉၉ ဦးကို ဆက်သွယ်၍မရ ဖြစ်နေပါသည်။ ကျန်ရှိနေသည့် ၄၃၂ ဦးကို ပညာရေးဘုတ်အဖွဲ့မှ မစစ်ဆေးရသေးကြောင်း သိရသည်။

 

ဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်တွင် ဤကဲ့သို့ စစ်တမ်းကို စတင်ကောက်ယူသောအခါတွင် ကျောင်းမတက်သည့် ကျောင်းနေရွယ် နိုင်ငံခြားကလေးငယ်ပေါင်း ၂၀၀၀၀ ခန့်ရှိခဲ့သည်။ သို့သော် ပညာရေးဘုတ်အဖွဲ့များက ၎င်းတို့အား ပညာရေးတွင် စာရင်းသွင်းရန် တွန်းအားပေးနေသောကြောင့် အရေအတွက် လျော့နည်းလာခဲ့သည်။

 

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် နိုင်ငံခြားကျောင်းသား ၅၇,၇၁၈ ဦးသည် ဂျပန်ဘာသာစကား အထူးသင်ကြားရန် လိုအပ်သည်ဟုလည်း ဝန်ကြီးဌာနက ဆိုသည်။

 

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလအထိ ဂျပန်စကားသင်ရန် အထူးလိုအပ်သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း နိုင်ငံခြား ကျောင်းသားဦးရေသည် ၅၇,၇၁၈ ဦးအထိ ရှိလာခဲ့ပါသည်။ ထိုကျောင်းသားများထဲတွင် 20.8% က ပေါ်တူဂီစကားပြောကြပြီး 20.6% က တရုတ်စကားပြောကြသည်။

 

Source - the Japan times

 

 

International News Read 112 times