Sales Hotline : 09448001653       Download App



တက္ကသိုလ်ပထမနှစ်တက်မယ့် ကျောင်းသား/သူများ ဒေးဗစ်တော ပညာသင်ဆုလျှောက်ထားနိုင်

တက္ကသိုလ်ပထမနှစ်တက်မယ့် ကျောင်းသား/သူများ ဒေးဗစ်တော ပညာသင်ဆုလျှောက်ထားနိုင်

ရန်ကုန်မြို့ရှိ နော်ဝေးသံရုံးနဲ့ ရန်ကုန်တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ကာ ပညာသင်ဆု (၁၀) ဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

အဲဒီပညာသင်ဆုကို သမိုင်းနှင့်လူမှုရေး ဘာသာရပ်တွေကို ရန်ကုန်တက္ကသိုလ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမနှစ်အဖြစ် စတင်တက်ရောက်ခွင့်ရရှိတဲ့ ဝေးလံခေါင်သီသည့် ကျေးလက်ဒေသမှ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပေးအပ်တာဖြစ်ပါတယ်။

ပညာသင်ဆု ထောက်ပံ့ကာလက တော့ ၂၀၁၈-၂၀၂၁ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ပထမဘွဲ့ Bachelor degree အတွက် တစ်နှစ်လျှင် ၁၀ လ ချီးမြှင့်မှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်ထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှာ ရယူလျှောက်ထားနိုင်ပါတယ်။

အသေးစိတ်အချက် အလက်တွေကို ဖုန်း – ၀၁- ၅၃၄၃၉၀ ကို ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

Read - ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားများအတွက် ပညာသင်ဆု ပေးအပ်မည်

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source:internet

 

Local Read 1707 times