ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ်အဖြစ် Environmental Studies ဘွဲ့လွန်ဒီပလိုမာ သင်တန်း စတင်ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ်အဖြစ် Environmental Studies ဘွဲ့လွန်ဒီပလိုမာ သင်တန်း စတင်ဖွင့်လှစ်မည်

လျှောက်လွှာများကို ယခုလ ၁၄ ရက်နေ့မှစတင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာန တွင် လက်ခံမည်ဖြစ်ကြောင်း၊ သင်တန်းဝင်ခွင့်လျှောက်လွှာများကို ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

“သင်တန်းဝင်ခွင့်ဖြေရပါ့မယ်။ သင်တန်းကြေးကတော့ ကျပ်နှစ်သိန်းပါ။ ၀င်ခွင့်စာမေးပွဲကို ဒီဇင်ဘာ ၁ ရက်မှာ စစ်ဆေးမှာ ဖြစ်ပါတယ်” ဟုပြောသည်။

READ - ဝင်ခွင့်ရတက္ကသိုလ် တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များ

ထိုသင်တန်းကို တက်ရောက်လိုပါက တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရန် လိုအပ်ပြီး သင်တန်းချိန် အပြည့်အ၀တက်ရောက်နိုင်သူလည်း ဖြစ်ရန်လိုအပ်ကြောင်း၊ သင်တန်းချိန်မှာ နံနက် ၇ နာရီမှ ၉ နာရီအထိ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖြစ်သည်။

“ဘယ်သူအတွက်ရယ်လို့မဟုတ်ပါဘူး။ တက္ကသိုလ်ဆိုတာလိုအပ်မယ့် သင်တန်းတွေကို ဖွင့်လှစ်ပေးရတယ်။ ဒီသင်တန်းကို စိတ်ဝင်စားတဲ့ မည်သူမဆို တက်ရောက်နိုင်တယ်။ ၀င်ခွင့်စာမေးပွဲအောင်ဖို့တော့ လိုတာပေါ့။ သင်တန်းကြေးကတော့ အရစ်ခွဲပြီး သွင်းလို့မရပါဘူး။ တစ်ခါတည်း သွင်းရမှာပါ” ဟုပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4272 times