Sales Hotline : 09448001653       Download App



ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား (၃၀၀၀) ကျော်သာခေါ်ယူမည်

ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား (၃၀၀၀) ကျော်သာခေါ်ယူမည်

လေးနှစ်သင်ပညာရေးဒီဂရီ ကောလိပ်များကို ယခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ အောင်ကျောင်းသား/သူ များစတင် လျှောက်ထားနိုင်မည်ဖြစ်ပြီး (၃၀၀၀) ကျော်သာ ခေါ်ယူမည်ဖြစ်ကြောင်းသိရပါတယ်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/သူ များအနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲတွင် ပါဝင်လာမည့် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များကို စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာရေးဒီဂရီကောလိပ်များ၏ ဝင်ဆံ့အင်အားအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ (၃၀၀၀) ကျော်သာ ခေါ်ယူမည်ဖြစ်ကြောင်း၊ ယခင်နှစ်များတွင် () နှစ်သင်ပညာရေးကောလိပ်အဆင့်တွင် တစ်နှစ်တွင် ကျောင်းသား/သူ (၆၀၀၀) ကျော်ဝင်ခွင့် ပေးခဲ့သည့်အတွက် ကျောင်းသား/သူ ခေါ်ယူမှု ထက်ဝက်လောက် လျော့ကျကြောင်း အဆင့်မြင့် ပညာဦးစီးဌာမှ သိရပါတယ်။

 

အရင်ကတော့ ဒီပလိုမာဖြစ်တဲ့အတွက် သတင်းစာထဲကပဲ ခေါ်ယူတာပါ၊ ဒီနှစ်ကစပြီးတော့ ဝင်ခွင့်လမ်းညွှန်ထဲမှာ တစ်ခါတည်းပါလာပြီ၊ အားလုံးပေါင်းဆိုရင် (၃၀၀၀) ကျော်လောက်ပဲဝင်ခွင့်ပေးမှာ၊ အရေအတွက်ကတော့ ကောလိပ်တစ်ခုနှင့် တစ်ခု တူမှာမဟုတ်ပါဘူး၊ (၃၀၀၀) လောက်ပဲခေါ်တယ်ဆိုတာက အခုကလေးနှစ်တက်ရမှာတော့မှာ၊ အဲ့ဒီတော့ နောက်လေးနှစ်ဆိုရင် အခန်းအစုံဖြစ်သွားမှာ၊ အဆောင်တွေရဲ့ ဝင်ဆံ့အင်အားတွေကို လက်ရှိ အနေအထားနဲ့တွက်ပြီး ခေါ်လိုက်ရတာ၊ နောက်နှစ်တွေဆိုရင် အရေအတွက် တိုးလာမှာပါ " ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်း ကပြောပါတယ်။

 

Read More: တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့်သူများ အဆင်ပြေစေရန် ရှင်းလင်းပွဲများ ပြုလုပ်မည်

 

ယခင်နှစ်ကအထိ () နှစ်သင်ပညာရေးကောလိပ်များကို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား/သူ () သောင်း ဝန်းကျင်ခန့် လျှောက်ထားမှု ရှိခဲ့ပြီး အဆိုပါသင်တန်းကို ဝင်ခွင့်ရရှိပါက အဆောင်နေထိုင်မှု အပါအဝင် စားသောက်မှုအပိုင်းများပါ စီစဉ်ပေးကြောင်း၊ ယခုနှစ်မှစတင်ပြီး ပညာရေးဘွဲ့အထိ ရရှိတော့မည် ဖြစ်ပါတယ်။

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေးဒီဂရီကောလိပ် (၂၅) ခုအထိဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

 

Source: Democracy

 

News Read 3427 times