AI ခေတ် ပညာရေးကို နိုင်ငံတကာ ပညာရှင်များ တွေ့ဆုံဆွေးနွေး

 

ပဉ္စမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ပညာရေးဌာနမှူးများ ဖိုရမ်ကို ရှန်ဟိုင်းရှိ East China Normal University ၌ သောကြာနေ့တွင် ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်ကို East China Normal University နှင့်  University of Kansas တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်တွင်  စတင် ပြုလုပ်ခဲ့သည်။

 

အဆိုပါပွဲကို ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးအဖွဲ့အစည်းများမှ ဌာနမှူးများ စုစည်း တက်ရောက်ခဲ့ကြပြီး "ဉာဏ်ရည်တုခေတ်၏ ပညာရေးနှင့် ပညာရေးဆိုင်ရာ လေ့လာမှု" ဆိုသည့် ဆောင်ပုဒ်အား ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ပညာရေး ခေါင်းဆောင်များသည် ၎င်းတို့၏ အတွေးအမြင်နှင့် ဉာဏ်ပညာကို ဖလှယ်ခဲ့သည်။ 

 

ဆွေးနွေးပွဲကို တိုက်ကြီးငါးခုမှ တက္ကသိုလ်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၂ ခု၏ ဌာနမှူး ၅၀ ကျော် တက်ရောက်ကြပြီး ပညာရေးနယ်ပယ်တွင် အရေးကြီးသော ကိစ္စရပ်များကို ‌လေ့လာရန်၊ ဦးဆောင်ရန်၊ ပညာရေး စိန်ခေါ်မှုများကို ဖြေရှင်းရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့သည်။ 

 

အဖွင့်မိန့်ခွန်းတွင် ECNU ဥက္ကဋ္ဌ Qian Xuhong သည် လူမှုရေးတိုးတက်မှု၏ အရေးကြီးသော ပညာရေး အခန်းကဏ္ဍကို ထောက်ပြခဲ့ပြီး တစ်ဦးချင်းစီ၏ ဘဝများကို ပုံဖော်ပေးရုံသာမက လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အကျိုးသက်ရောက်စေကြောင်း အလေးပေး ပြောကြားခဲ့သည်။ ထို့နောက် ဖိုရမ်၏ ဆွေးနွေးချက်များသည် နည်းပညာ ဦးဆောင်နေသော ယနေ့ခေတ်တွင် ပညာရေးတိုးတက်စေရေးအတွက် အကြံဉာဏ်သစ်များနှင့် လမ်းညွှန်မှုများ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

GEDF ၏ အစပြုသူလည်းဖြစ် ECNU မှ ပညာရေးဌာန ခေါင်းဆောင်လည်း ဖြစ်သော ပါမောက္ခ Yuan Zhenguo နှင့်အတူ Kansas တက္ကသိုလ်မှ ပညာရေးဌာနမှူး ပါမောက္ခ Rick Ginsberg တို့ကလည်း အမှာစကား အသီးအသီး ပြောကြားခဲ့ပါသည်။

 

Yuan သည် သိပ္ပံပညာ ကြီးကျယ်သော ခေတ်မှာ ပညာရေးဆိုင်ရာ လေ့လာမှုများအတွက် သုတေသနနှင့် ဉာဏ်ရည်တု ပေါင်းစပ်မှုသည် အရေးကြီးကြောင်း ပြောကြားပြီး ပညာရေး တိုးတက်မှုတွင် ဉာဏ်ရည်တု၏ အားကောင်းမှုကို မီးမောင်းထိုးပြခဲ့သည်။ 

 

Ginsberg သည် GEDF ၏ ၂၀၁၈ ခုနှစ်မှ စတင်ပြီး လုပ်ဆောင်ခဲ့သော တိုးတက်မှုများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်တွင် အတူတကွ လုပ်ဆောင်ရန် နည်းလမ်းများကို အကြံပြုခဲ့သည်။ ဉာဏ်ရည်တု၏ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အခွင့်အရေးများကို အသုံးချနိုင်ရန် ပညာရေးခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။

 

ဖိုရမ်အတွင်း ပါဝင်သူများသည် ပညာရေး၊ ဆရာအတတ်ပညာ၊ ကျောင်းပညာရေး အသွင်ပြောင်းခြင်းနှင့် အခြားသက်ဆိုင်သည့် အကြောင်းအရာများတွင် ဉာဏ်ရည်တု အသုံးချခြင်းဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတကာ ပညာရေးဌာနမှူးများသည် သက်ဆိုင်ရာ နိုင်ငံများ၏ အတွေ့အကြုံများနှင့် အမြင်များကို မျှဝေခဲ့ကြပြီး ပညာရေးကဏ္ဍ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုံးသပ်ချက်များကို ပြောကြားခဲ့သည်။

 

ဉာဏ်ရည်တု ကိရိယာများမှ ပံ့ပိုးပေးသည့် အချိန်နှင့်တပြေးညီ ခွဲခြမ်းစိတ်ဖြာမှုနှင့် အကျဉ်းချုပ်များသည် ပညာရေးတွင် အရေးကြီးသော ပြဿနာများကို ညွှန်ပြပေးနိုင်သည်။ ယနေ့ကမ္ဘာတွင် ဉာဏ်ရည်တုသည် ပညာရေးတိုးတက်စေရန်အတွက် ဆန်းသစ်သော အကြံဥာဏ်များနှင့် ထိုးထွင်းအမြင်များကို ပေးဆောင်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ 

 

Source - China Daily News 

 

International News Read 78 times