Sales Hotline : 09448001653       Download App



Dr Goh Keng Swee Scholarships for Asia Pacific Students in Singapore, 2021

စင်္ကာပူနိုင်ငံမှာ Fully funded ပညာသင်ဆုဖြင့် ဘွဲ့ကြိုသင်တန်းတက်ရောက်လိုသူများအတွက် Dr Goh Keng Swee Scholarships for Asia Pacific Students in Singapore, 2021

(၁) အာရှ-ပစိဖိတ်နိုင်ငံများရှိ ကျောင်းသားကျောင်းသူများအတွက် သီးသန့်ပေးအပ်သည့်ပညာသင်ဆုအမျိုးအစားဖြစ်တာကြောင့် မြန်မာကျောင်းသူကျောင်းသားတွေ လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။

(၂) Undergraduate Scholarship ဖြစ်ပါတယ်။

(၃) တက်ရောက်နိုင်သည့် တက္ကသိုလ်တွေကတော့

  • National University of Singapore (NUS),
  • Nanyang Technological University (NTU),
  • Singapore Management University (SMU)
  • Singapore University of Technology and Design (SUTD).

(၄) ဆေးပညာရပ်ကလွဲလို့ ကျန်တဲ့ ဘာသာရပ်အားလုံးအတွက်လျှောက်ထားနိုင်ပါတယ်။

(၅) ထောက်ပံ့မည့်ပညာသင်ဆုပမာဏကတော့ ကျောင်းစရိတ်၊ အဆောင်စရိတ်၊ ခရီးစရိတ်နှင့်အခြားအထွေထွေစရိတ်များ

  • ကျူရှင်နှင့် အခြားသောအတန်းများအတွက် အခကြေးငွေ
  •  စာသင်နှစ်အတွင်း စင်္ကာပူနှင့် မိမိနိုင်ငံသို့ အသွားအပြန် လေယာဉ်စရိတ်များ။
  • နှစ်စဉ် ထောက်ပံ့ကြေး စင်္ကာပူဒေါ်လာ ၆၅၀၀ အပြင်
  • စာသင်နှစ်အတွင်းနေထိုင်ရန် အဆောင်။

တို့ကိုထောက်ပံ့ပေးမှာဖြစ်ပါတယ်။

(၆) Scholarship Bond အနေဖြင့် ဘွဲ့ရရှိပြီးပါက စင်္ကာပူနိုင်ငံ (သို့မဟုတ်) မိမိနိုင်ငံတွင်ရှိသည့် စင်္ကာပူကုမ္ပဏီများတွင် (၃)နှစ်ခန့် တာဝန်ထမ်းဆောင်ပေးရပါမည်။

(၇) အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ linkမှ တဆင့် ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

>>> Click Here<<< 

ဒီ Scholar လေးကို စိတ်ဝင်စားလို့ လျှောက်ချင်တယ်ဆိုရင် ဒါလေးကတော့ Application Form Link ပါ။

>>> Click Here<<< 

Application Deadline: March 31, 2021

အားလုံးပဲ ကံကောင်းကြပါစေ။

Source: Sayar.com.mm

International Read 1210 times