ရန်ကုန်တက္ကသိုလ် ဘာသာရပ် ၁၁ခုအတွက် ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ် ဘာသာရပ် ၁၁ခုအတွက် ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ် ပါရဂူသင်တန်းဝင်ခွင့်စာမေးပွဲကို မေ ၂၁ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သက်ဆိုင်ရာ ဘာသာရပ်၊ မေ ၂၂ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အင်္ဂလိပ်စာဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကာ ရေးဖြေစာမေးပွဲအောင် မြင်သူများနှင့် မဟာသုတေသနဘွဲ့ရရှိထားသူများကို မေ ၂၈ ရက်တွင် လူတွေ့ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်မည့်သူများမှာ ဇွန် ၁ ရက်တွင် အသက် (၃၀) ထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ပြီး ပါရဂူအကြိုသင်တန်းကို အချိန်ပြည့်တစ်နှစ် တက်ရောက်နိုင်သူ ဖြစ်ရမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက် ထားလိုသော ဘာသာရပ်နယ်ပယ်၌ အနိမ့်ဆုံးမဟာဘွဲ့အောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ သုံးနာရီမေးခွန်းနှင့် အင်္ဂလိပ်စာသုံးနာရီမေးခွန်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းအောင်မြင်သူများကို လက်ခံမည်ဖြစ်သည်။

တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ရရှိထားသူများသည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ လူတွေ့စစ်ဆေးခြင်းကို ဖြေဆို အောင်မြင်ရမည်ဖြစ်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြဖြစ်ပါက နည်းပြ၊ သရုပ်ပြရာထူးတွင် လုပ်ငန်းတစ်နှစ် အနည်းဆုံးရှိရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများမဟုတ်သော ပညာရေးဝန်ထမ်းများဖြစ်လျှင် နည်းပြ၊ သရုပ်ပြနှင့် အဆင့်တူရာထူးတွင် လုပ်သက်နှစ်နှစ် အနည်းဆုံးရှိသူဖြစ်ရမည့်အပြင် လျှောက်ထားသူသည် သုတေသနဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူဖြစ်ပြီး ပါရဂူဘွဲ့သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြင့် ဌာနဆိုင်ရာလုပ်ငန်းတွင် တိုက်ရိုက်အကျိုးပြုနိုင်ကြောင်း သက်ဆိုင်ရာဌာန အကြီးအကဲက ထောက်ခံသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

အခြားဝန်ကြီးဌာန ဝန်ထမ်းများအတွက် တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်တွင် အနိမ့်ဆုံး မဟာဘွဲ့ အောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ သုံးနာရီမေးခွန်းနှင့် အင်္ဂလိပ်စာသုံးနာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း အောင်မြင်သူများကိုသာ လက်ခံမည်ဖြစ်ကာ တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ရရှိသူများသည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် မလိုဘဲ လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ကြောင်း၊ အနိမ့်ဆုံးနည်းပြ၊ သရုပ်ပြ၊ ယင်းနှင့် အဆင့်တူရာထူးတွင် လုပ်သက်နှစ်နှစ် အနည်းဆုံးရှိရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်း မဟုတ်သူများအတွက် တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်တွင် အနိမ့်ဆုံး မဟာ သုတေသနဘွဲ့ရရှိပြီးသူဖြစ်ရမည်ဖြစ်ကြောင်း မဟာသုတေသနဘွဲ့အတွက်ပြုလုပ်ခဲ့သော သုတေသနအကျဉ်းချုပ်နှင့် ပါရဂူဘွဲ့ သင်တန်းတွင် ဆောင်ရွက်လိုသော သုတေသနနယ်ပယ်အဆိုပြုချက်ကို လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်ကာ လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည် ဖြစ်သည်။

သင်တန်းဝင်ခွင့်နှင့်ပတ်သက်၍ သက်ဆိုင်ရာမော်ကွန်းထိန်း ဖုန်း-၀၁- ၅၃၄၀၉၈၊ ၀၁-၅၃၄၃၉၀ တို့ထံ စုံစမ်းနိုင်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: sdtimedaily

News Read 2915 times