သိပံ္ပအထူးပြုတက်ရောက်မယ့် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ လက်တွေ့ သင်တန်းတွေကို ဇန်နဝါရီလ ၁၃ရက်နေ့မှာ စတင်တက်ရောက်ရမှာဖြစ်ပါတယ်။
ပထမနှစ်ဝက်စာစဉ်တွေကို မေလ ၃၁ ရက် နေ့နဲ့ ဒုတိယနှစ်ဝက်စာစဉ်တွေကို ဇူလိုင် လ ၃၁ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမယ်လို့ သိရပါတယ်။
အဝေးသင်ဝင်ခွင့်ရ သူစာရင်းကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တာပါ။
READ - လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အတွက် လျှောက်လွှာ ခေါ်ယူခြင်း
အဝေးသင် ကျောင်းဝင်ခွင့် မှတ်ပုံတင်တာတွေကို ၂၀၁၈ ခုနှစ် မတ် ၃၀ ရက် နောက်ဆုံး ထား ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ကျောင်းဝင်ခွင့် မှတ်ပုံတင်ကြေးတွေကို သက်ဆိုင်ရာအဝေးသင် တက္ကသိုလ်ဌာနခွဲ တွေမှာ ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့ ကနေ ၄၅ ရက် အတွင်း တစ်ကြိမ်တည်း ပေးသွင်းရမှာ ဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေနဲ့ သင်တန်းတက်ခွင့်ရရှိသူတွေ စာရင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက် နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဘွဲ့ကြိုပထမနှစ်နေ့ သင်တန်းတွေကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudranews