Sales Hotline : 09448001653       Download App



အဝေးသင်ကျောင်းသား/သူများအတွက် အွန်လိုင်းပညာရေးစနစ် ဖွင့်လှစ်သင်ကြား

အဝေးသင်ကျောင်းသား/သူများအတွက် အွန်လိုင်းပညာရေးစနစ် ဖွင့်လှစ်သင်ကြား

မြန်မာနိုင်ငံအတွင်းရှိ အဝေးသင်ပညာရေးစနစ်ကို သင်ယူနေကြသည့် ကျောင်းသား/သူများအတွက် နိုင်ငံတကာတွင် သင်ကြားနေသည့် ဘာသာရပ်များကို အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ယူနိုင်ရန် အင်္ဂလန်နိုင်ငံရှိ The Open University နှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်နေကြောင်း မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောကြားပါသည်။

 

Hostels (514) ဟိုတယ်များနှင့် ပတ်သက်ပြီး (514) ခုရှာရန်နှိပ်ပါ။

 

အဆိုပါ အစီအစဉ်များအား အဝေးသင်ပညာရေးကို သင်ယူနေကြသည့် ကျောင်းသား/သူများနိုင်ငံတကာတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် နိုင်ငံတကာတွင် အများဆုံးသင်ကြားနေသည့် ဘာသာရပ်များကို အွန်လိုင်းမှ လွတ်လပ်စွာ လေ့လာသင်ယူနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်တို့ ပူးပေါင်း၍ အင်္ဂလန်နိုင်ငံရှိ The Open University နှင့် ချိတ်ဆက်ကာ သဘာဝပတ်ဝန်ကျင် သိပ္ပံဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို အွန်လိုင်းမှ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

Libraries (78) စာကြည့်တိုက်များနှင့် ပတ်သက်ပြီး (78) ခုရှာရန်နှိပ်ပါ။

 

၎င်းအွန်လိုင်းပညာရေးစနစ် ဖွင့်လှစ်သင်ကြားရေးအစီအစဉ်ကို နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် လာမည့်သုံးနှစ်အတွင်း စတင်ဆောင်ရွက်နိုင်ရန် ခန့်မှန်းလုပ်ဆောင်နေကြောင်း သိရပါသည်။

 

Read More:>>>> ဝင်ခွင့်အမှတ်ကန့်သတ်ချက်မရှိခေါ်ယူမည့် ဆေးတက္ကသိုလ်

 

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် ကျောင်းသား/သူ (၆၀) ရာခိုင်နှုန်းခန့်သည် အဝေးသင်ပညာရေးစနစ်ကို တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရပါသည်။

 

Source: ကြေးမုံ

 

News Read 2256 times