Sales Hotline : 09448001653       Download App



မဟာဘွဲ့အင်ဂျင်နီယာ ဘာသာရပ်များအကြောင်းနှင့် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ

မဟာဘွဲ့အင်ဂျင်နီယာ ဘာသာရပ်များအကြောင်းနှင့် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ

အင်္ဂလန် နှင့် စင်ကာပူ ကူးပြောင်းတက်ရောက်နိုင်သည့် မဟာဘွဲ့အင်ဂျင်နီယာဘာသာရပ်များအကြောင်းနှင့်  အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကို၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် (သောကြာနေ့)၊ မွန်းလွဲ ၁၂း၀၀ မှ ၂း၀၀ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄ ၊ MICT park ၊ လှိုင်မြို့တွင် ကျင်းပပြုလုပ် မည်ဖြစ်သည်။      

စင်ကာပူနိုင်ငံ MDIS မှ  Professor ဖြစ်သူ Dr Tham Yieng Wei  (Head of School, MDIS School of Engineering) မှ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာများ ဆွေးနွေးဟောပြောမည်။

၎င်းအပြင် ၃နှစ် သို့မဟုတ် ၄နှစ်ခွဲ တက်ရုံဖြင့် အင်ဂျင်နီယာ မဟာဘွဲ့ရနိုင်ပြီး  စင်ကာပူ MDIS တွင် ၂  နှစ်၊ အင်္ဂလန် Teesside University တွင် ၂နှစ် ကူးပြောင်း သင်ယူနိုင်သည့် Master of Engineering (Hons) in Electrical and Electronic (or) in Mechanical ဘာသာရပ်များ အကြောင်းကိုလည်း စင်ကာပူ MDIS ၏ Country Manager မှ  အသေးစိတ် ဆွေးနွေးပေးမည် ဖြစ်ပါသည်။

MDIS သည် စင်ကာပူနိုင်ငံ၏ နှစ်ပေါင်း ၆၀ ခန့်ရှိ သက်တမ်း အရင့်ဆုံးနှင့် အကြီးဆုံး ပုဂ္ဂလိက ကျောင်းကြီးဖြစ်ပါသည်။

မြန်မာကျောင်း ၁၀တန်းအောင်ပြီးသူများ နှင့် IGCSE အောင်မြင်ထားသူများ သည် စင်ကာပူနိုင်ငံ MDIS တွင်  STEMA program (၆)လ စတင်တက်ရောက်ရမည်။

ထိုမှတစ်ဆင့်  ၄နှစ် ဆက်တက်ပါက အင်္ဂလန်နိုင်ငံ Teesside University မှ ပေးအပ်မည့် Master of Engineering (Hons) in Electrical and Electronic (or) in Mechanical  ကို ရရှိမည် ဖြစ် သည်။

HND Level 5 ပြီးဆုံးထားသူသည်  ၃နှစ်တက်ရုံဖြင့်  အင်္ဂလန် Teesside University ၏  Master of Engineering (Hons) ဘွဲ့ကို ရယူနိုင်ပါသည်။

ယင်းဆွေးနွေးပွဲတွင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများအတွက် ရွေးချယ်သင်ယူသင့်သည့် အင်ဂျင်နီယာ ပညာရပ်များအကြောင်း၊ လက်ရှိဖွံ့ဖြိုးတိုးတက်နေသော အင်ဂျင်နီယာလုပ်ငန်း နယ်ပယ် များတွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ရန် တက်ရောက်သင့်သော ဘွဲ့လွန်ဒီဂရီများအကြောင်း၊ စင်ကာပူနိုင်ငံ MDIS တွင် သင်ယူပါက ရရှိနိုင်မည့် အကျိုးကျေးဇူး အကြောင်းကိုလည်း အသေးစိတ် ဆွေးနွေး ပြောကြား ပေးမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် MDIS မှ ပေးအပ်မည့် ၂၀၁၉ ခုနှစ်အတွက် ပညာသင်ဆုနှင့် သင်တန်းကြေးထောက်ပံ့ကြေး လျှောက်ထားနိုင်ခြင်းစသည့် အခွင့်အလမ်းများအကြောင်း ကိုလည်း ပြောကြားပေးမည် ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန် AT&S (နိုင်ငံတကာတက္ကသိုလ်ပညာရေး ၀န်ဆောင်မှုကုမ္ပဏီ)အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း(၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၁၂၇၄၆၁) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

News Read 1603 times