ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ နိုင်ငံရေးဒီပလိုမာသင်တန်း ဒီဇင်ဘာလ လယ်တွင် ဖွင့်မည်

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ နိုင်ငံရေးဒီပလိုမာသင်တန်း ဒီဇင်ဘာလ လယ်တွင် ဖွင့်မည်

ရန်ကုန်တက္ကသိုလ်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ကြီးမှူးပြီး နိုင်ငံရေးဒီပလိုမာသင်တန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

တက်ရောက်လိုသူများသည် နိုဝင်ဘာ ၂၀ ရက်တွင် လျှောက်လွှာများ ရယူပြီး နိုဝင်ဘာလ၂၈ ရက်နောက်ဆုံး ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

READ - ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ကျောင်းသား၊ ကျောင်းသူများ တိုးမြှင့်လက်ခံမည်

သင်တန်းလျှောက်လွှာထားမည့်သူများကို ၀င်ခွင့်စာမေးပွဲ စစ်ဆေးပြီး ၀င်ခွင့်ပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် စစ်ဆေးမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်ရရှိသူများ စာရင်းကို ယင်းလတွင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ နေ့စဉ် နံနက် ၇ နာရီ ၉ နာရီအထိဖြစ်သည်။

သင်တန်းကို ဘွဲ့တစ်ခုခုရရှိပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း၊ သင်တန်းကာလမှာ ကိုးလ တက်ရောက်ရမည်ဖြစ်သည်။

သင်တန်းပြီးဆုံးပါက Diploma in Political Science (DPS) လက်မှတ်ကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4572 times