“Diploma in English Course တက်​​ရောက်​လိုသူများ သိရှိ​စေရန်”

“Diploma in English Course တက်​​ရောက်​လိုသူများ သိရှိ​စေရန်”

၁။ယနေ့ (၆.၅.၂၀၁၉)နံနက် (၉း၀၀) နာရီမှစ၍ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၏ သတ်မှတ်address ( www.mufl.edu.mm/onlinesystem )
တွင် စတင်မြင်တွေ့ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။


၂။ ထို့အပြင်
 Online မှ လျှောက်လွှာတင်သွင်းရာတွင် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် Server သို့ အရင်ရောက်ရှိလာသော လျှောက်လွှာများထဲမှ

အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ထားသော လျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း လက်ခံပေးမည် ဖြစ်ပါသည်။

 

၃။ ၀င်ခွင့်လျှောက်လွှာနှင့် သင်တန်းသားဦးရေကို ကန့်သတ်လက်ခံမည်ဖြစ်ပါသည်။

 

၎။ ၀င်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်းကို (၁၇.၅.၂၀၁၉) တွင်​ အထက်​ပါ website ၌ ထုတ်​ပြန်​​ကြေငြာမည်​ဖြစ်​ပါ​သည်​။

 

**အခြားသင်​တန်းအသီးသီးသို့ တက်​​ရောက်​သင်​ကြားလိုသူများသိရှိ​စေရန်​**

-PGDE-Postgraduate Diploma in English Course သင်​တန်းအတွက်​ ​လျှောက်​လွှာများကို (၂၀.၅.၂၀၁၉) မှ (၃၀.၅.၂၀၁၉) အထိလည်း​ကောင်း၊ ELPC-English Language Proficiency Course ၊

ဘာသာစကားကျွမ်းကျွင်​မှုသင်​တန်းများ (Chinese,Japanese,Korean,German,French,Russia) နှင့်​ Computer (Basic) ၊ Computer (Advanced) စသည်

့​ သင်​တန်းများအတွက်​ ​လျှောက်​လွှာများကိုမူ (၃.၆.၂၀၁၉) မှ (၂၇.၆.၂၀၁၉) အထိ ရုံးချိန်​အတွင်း လာ​ရောက်​ထုတ်​ယူ ​လျှောက်​ထားရမှာပဲ ဖြစ်​ပါသည်။

 

-ကျောင်းလာရောက်အပ်နှံရာတွင် လိုအပ်သော အထောက်အထား အချက်အလက်များမှာ-
(က)တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် မူရင်းနှင့် မိတ္တူ (သို့မဟုတ်
) ဘွဲ့ရလက်မှတ် မူရင်းနှင့် မိတ္တူ
(ခ)ဓာတ်ပုံ (၄)ပုံ


သတိပြုရန်
မှာ - တီရှပ်​ သို့ စပို့ရှပ်​များဖြင့်​ ရိုက်​ကူးထား​သောပုံများကို လုံးဝ လက်​ခံမည်​ မဟုတ်​ပါ။

စုံစမ်းရန်ဖုန်း - ၀၉-၃၃၀၃၉၉၇၇

 

(ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်)

 

News Read 4149 times