"အရှေ့အာရှအဆင့်မြင့်ပညာရေး ဒစ်ဂျစ်တယ်ကူးပြောင်းမှု" အစီရင်ခံစာအား အခမဲ့ဖတ်ရှုနိုင်

UNESCO သည် ၎င်း၏ ထင်ရှားသော ဒေသဆိုင်ရာပေါင်းစပ်လေ့လာမှုဖြစ်သည့် "Digital Leap in East Asia: A Regional Synthesis on Higher Education Transformation" အစီရင်ခံစာအား ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့က စတင် ထုတ်ဝေခဲ့သည်။

အဆိုပါအစီရင်ခံစာအား UNESDOC မှတဆင့် အွန်လိုင်းတွင် အခမဲ့ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်လည်း အသိပေးဖော်ပြထားသည်။ တရုတ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယားနှင့် အခြားအရှေ့အာရှနိုင်ငံများတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုသည် တက္ကသိုလ်နှင့် ကောလိပ်များကို မည်သို့ပြောင်းလဲလာစေသည်ကို တင်ပြထားသည်။ 

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြပါနိုင်ငံများမှ တက္ကသိုလ်များသည် ခေတ်ကိုအမှီလိုက်ပြီး ဒစ်ဂျစ်တယ်ကိရိယာအသစ်များကို လျင်မြန်စွာ အသုံးပြုနေကြပုံ၊ ဆန်းသစ်သည့် သင်ကြားရေးနည်းလမ်းများ ဖန်တီးမှုနှင့် ကျောင်းသားအားလုံး တန်းတူညီမျှ သင်ယူခွင့် ရရှိစေရေးတို့ကို ဖော်ပြထားသည်။

ထို့အပြင် ပညာရေးအရည်အသွေး မြင့်မားနေစေရန်၊ ကျောင်းသားများအား အနာဂတ်အတွက် လိုအပ်သည့် အရည်အချင်းများ ရရှိအောင် ကူညီနိုင်စေရန်နှင့် ကျောင်းများသည် လိုက်လျောညီထွေရှိပြီး ရေရှည်တည်တံ့နိုင်စေရန် စသည့် စိန်ခေါ်မှုအချို့ကိုလည်း ဆွေးနွေးထားပါသည်။ 

ဤဒစ်ဂျစ်တယ်ခေတ်တွင် ပညာရေးတိုးတက်စေရန် လုပ်ဆောင်နေသော ဥပဒေနှင့် မူဝါဒချမှတ်သူများ၊ တာဝန်ရှိသူများ၊ ပညာရေးခေါင်းဆောင်များနှင့် ဆရာ၊ ဆရာများအတွက် အဖိုးတန်သော ထိုးထွင်းသိမြင်မှုများကို ပေးဆောင်သည့် အစီရင်ခံစာဖြစ်သည်။

ဤအစီရင်ခံစာအား UNESCO ၏ နိုင်ငံတကာ အဆင့်မြင့် ပညာရေး ဆန်းသစ်တီထွင်မှု ဗဟိုဌာန (ICHEI) ၏ ထောက်ပံ့ငွေကြေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ပြုလုပ်နိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံ၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ် (၁၅) ကျောင်းကျော်မှ ပညာရှင် အယောက် (၃၀) နီးပါးနှင့် တာဝန်ရှိသူများ၏ ကျွမ်းကျင်မှုများကို ပေါင်းစပ်ထားသည့် အရှေ့အာရှပညာရေးအသိုက်အဝန်း၏ ခိုင်မာသော လေ့လာမှုကို ပြသထားသည်။ 

၎င်းတို့၏ မတူကွဲပြားသော အဖွဲ့အစည်းဆိုင်ရာ အမြင်များနှင့် ပညာရေးဆိုင်ရာ တိုးတက်မှုအတွက် မယိမ်းယိုင်သော စိတ်ဓာတ်သည် မမျှော်လင့်ထားသော ဒေသဆိုင်ရာအသိပညာအရင်းအမြစ်ကို ဖန်တီးပေးနိုင်ခဲ့သည်။ 

Source - UNESCO

International News Read 31 times