အခြေခံပညာအထက်တန်းဆင့် ကျောင်းအပ်နှံခြင်းကို ကိုဗစ် - ၁၉ ကာကွယ်ရေး စတင်ဆောင်ရွက်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့် ကျောင်းအပ်နှံခြင်းကို ကိုဗစ် - ၁၉ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ စတင်ဆောင်ရွက်

 

မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများ၊အထက်တန်းကျောင်းခွဲများတွင်၂၀၂၀-၂၀၂၁ပညာသင်နှစ်အထက်တန်းဆင့်ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့နံနက် ၉ နာရီမှ စတင်၍  ကျောင်းအပ်နှံရေးလုပ်ငန်း များကိုဆောင်ရွက်ကြောင်းသိရသည်။

 

"မည်သည့်ခွဲခြားမှုမှမရှိဘဲ  ကျောင်းနေအရွယ်ကလေးအားလုံးအရည်အသွေးရှိသောပညာသင်ယူခွင့်  ရရှိဖို့  မိဘပြည်သူအားလုံးဝိုင်းဝန်းကူညီစို့"ဆောင်ပုဒ်နှင့်အညီ  မြို့နယ်အတွင်း   အထက်တန်းကျောင်းအသီးသီး၌  ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်ကာ ကျောင်းအပ်နှံရာ၌

ကိုဗစ်၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအစီအမံနှင့်အညီ   ဆောင်ရွက်ထားရှိမှုများကို  ဆရာ၊ဆရာမများ ၊  မိဘအုပ်ထိန်းသူများ ၊   ကျောင်းသား၊ ကျောင်းသူများအားလုံးမှ   လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်အတွင်း   အခြေခံပညာအထက်တန်းကျောင်း  (၁၀)ကျောင်း ၊အထက်တန်းကျောင်းခွဲ(၄)ကျောင်းကို ဇူလိုင်  ၁၃ -  ရက်မှ   ၁၇  - ရက်နေ့ အထိ  ၅ - ရက်တာ  ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ခိုင် ထံမှသိရသည်။

 

MOI

Read 689 times