အဝေးသင်စာမေးပွဲများ အောက်တိုဘာ (၁) ရက်နေ့ စတင် ဖြေဆိုရမည်

၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အဝေးသင်သင်တန်းများအတွက် စာမေးပွဲများကို အောက်တိုဘာ (၁) ရက်နေ့မှ စတင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ပထမအသုတ် အဝေးသင် သိပ္ပံအထူးပြုဘာသာရပ်များအားလုံးအတွက် အောက်တိုဘာ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ စနေအပါ (၆) ရက် စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ 

ဒုတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုများ (ဘာသာရပ်-အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ) အတွက် အောက်တိုဘာ (၂၂) ရက်နေ့မှ (၃၀) ရက်နေ့အထိ စနေအပါ သီတင်းကျွတ်ပိတ်ရက်မပါ (၆) ရက် ဖြေဆိုရမည်။

တတိယအသုတ် အဝေးသင် ဝိဇ္ဇာအထူးပြုများ (ဘာသာရပ်-မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ) အတွက် နိုဝင်ဘာ (၁၆) ရက်နေ့မှ (၂၅) ရက်နေ့အထိ စနေအပါ တန်ဆောင်တိုင်ပိတ်ရက်မပါ (၇) ရက် ဖြေဆိုရမည်။

==========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 667 times