ရန်ကုန်မြို့မှာ နိုင်ငံတကာပညာရေးကဏ္ဍ တိုးတက်လာတာနဲ့အမျှ နိုင်ငံတကာကျောင်းတွေက ကမ္ဘာ့အဆင့်မီ ပညာရေးစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းအမျိုးမျိုးကို အသုံးပြုသင်ကြားလာကြပါတယ်။
ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်းတွေမှာ Cambridge၊ Pearson Edexcel၊ American၊ International Baccalaureate (IB) စတဲ့ သင်ရိုးတွေကို အများဆုံးတွေ့ရပြီး၊ ကျောင်းအချို့မှာ သင်ရိုးတစ်ခုတည်းကို အသုံးပြုသလို သင်ရိုးနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုတဲ့ စနစ်တွေကို ပေါင်းစပ်သင်ကြားပေးတာလည်း တွေ့ရပါတယ်။
Yangon International Schools Industry Report 2026–2027 အရ ရန်ကုန်မြို့ နိုင်ငံတကာကျောင်း (၁၉၈) ကျောင်းထဲမှာ UK Curriculum အသုံးပြုတဲ့ ကျောင်း (၁၆၉) ကျောင်း ရှိပြီး အခြားသင်ရိုးအုပ်စုတွေထက် အများဆုံးဖြစ်ပါတယ်။
UK Curriculum ထဲမှာမှ Cambridge သင်ရိုး သင်ကြားတဲ့ကျောင်း (၁၀၃) ကျောင်း၊ Pearson သင်ရိုးသင်ကြားတဲ့ကျောင်း (၆၄) ကျောင်းနဲ့ Oxford သင်ရိုးသင်ကြားတဲ့ကျောင်း (၂) ကျောင်း ရှိပါတယ်။

ဒေတာအချက်အလက်တွေအရ Cambridge သင်ရိုးက ရန်ကုန်နိုင်ငံတကာကျောင်းဈေးကွက်ရဲ့ (၅၂%)၊ Pearson က (၃၂%) နဲ့ Oxford က (၁%) အသီးသီး နေရာယူထားကြပါတယ်။
ဒါကြောင့် ရန်ကုန်နိုင်ငံတကာကျောင်းဈေးကွက်စုစုပေါင်းရဲ့ (၈၅%) ခန့်ကို UK Curriculum က လွှမ်းမိုးထားတယ်လို့ ဆိုနိုင်ပါတယ်။
အမေရိကန်သင်ရိုးကို သီးသန့်အသုံးပြုတဲ့ ကျောင်းတွေရှိသလို IB သို့မဟုတ် IGCSE တို့နဲ့ တွဲဖက်သင်ကြားပေးနေတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာကျောင်းအချို့မှာ OSSD၊ French၊ Singapore Curriculum စတဲ့ သင်ရိုးတွေကိုလည်း အသုံးပြု သင်ကြားနေကြတာ တွေ့ရပါတယ်။
ဆက်လက်ပြီး သင်ရိုးတွေအကြောင်း အသေးစိတ် သိချင်တာဖြစ်ဖြစ်၊ နိုင်ငံတကာကျောင်းစျေးကွက်အခြေအနေတွေကို အသေးစိတ် သိချင်တာဖြစ်ဖြစ် Yangon International Schools Industry Report 2026–2027 ကို ဝယ်ယူ ဖတ်ရှုနိုင်ပါပြီ။
Report မှာ အဓိကပါဝင်တဲ့ အချက်အလက်များ
• Basic Education Landscape and International-school Development
• Geographic Distribution of School Locations and Enrolment
• Curriculum Distribution
• Student Enrolment Distribution by Year Level
• Annual Tuition Fee Analysis
• Market Analysis by Education Level
• Market Positioning by Five-Tier Group
• Market Size and Market Value
(Comparison: 2025–2026 vs. 2026–2027)
• Market Forecast and Outlook
(2027–2028 to 2029–2030)
ဒီ Report က ဘယ်သူတွေအတွက် အသုံးဝင်လဲ?
• International School Owners & Management
• Education Business Owners & Investors
• Marketing & Business Development Teams
• Market Researchers & Consultants
မိမိကျောင်းရဲ့ စျေးကွက်အခြေအနေနဲ့ ဒေတာအချက်အလက်တွေကို သိရှိနားလည်ထားမှ ပိုကောင်းတဲ့ စီပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် Report ကို ဝယ်ယူချင်တယ်ဆိုရင်တော့ ပုံမှန်စျေး (၁၂) သိန်းကို လာမယ့် အောက်တိုဘာလ (၂) ရက်နေ့အထိ အထူး လျှော့စျေး (၉) သိန်းခွဲကျပ်ဖြင့်သာ ဝယ်ယူ ရရှိနိုင်ပါတယ်။
=======================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။