အခြေခံပညာ နှစ်ဝက်ဆုံးစာမေးပွဲအား အောက်တိုဘာတွင် ကျင်းပမည်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းများတွင် နှစ်၀က်ဆုံးတတ်မြောက်မှု စစ်ဆးအကဲဖြတ်ခြင်း အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် နှစ်ဝက်ဆုံးစာမေးပွဲအား Grade 4 မှ Grade 12 အထိ အောက်တိုဘာ (၁၆) ရက်နေ့မှ (၂၄) ရက်နေ့အတွင်း ကျင်းပဆောင်ရွက်ရပါမည်။

ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့များတွင် ပုံမှန်အတိုင်း ကျောင်းပိတ်မည်ဖြစ်ပြီး Grade 4 သည် တစ်ရက်နှစ်ဘာသာနှုန်းဖြင့် (၃) ရက်၊ Grade 5 သည် တစ်ရက်တစ်ဘာသာနှုန်းဖြင့် (၅) ရက်၊ Grade 6,7,8,9 သည် တစ်ရက်တစ်ဘာသာနှုန်းဖြင့် (၆) ရက်၊ Grade 10,11,12 သည် တစ်ရက်တစ်ဘာသာနှုန်းဖြင့် (၇) ရက် ဖြေဆိုကြရပါမည်။

ထို့အပြင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းများတွင် နှစ်ဝက်ဆုံးစာမေးပွဲကို အောက်တိုဘာလ (၁၄) ရက်နေ့မှ (၂၄) ရက်နေ့အတွင်း  ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့များမပါ တစ်ရက်တစ်ဘာသာနှုန်းဖြင့် ဖြေဆိုရမည်ဖြစ်သည်။

Source - 

====================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News Read 497 times