IT စိတ်ဝင်စားတဲ့ G-12 အောင်ထားသူများ MIIT ကို လျှောက်ထားနိုင်ပြီ

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တွင် ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့၊ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

သင်ကြားမည့် ဘွဲ့ကြိုသင်တန်း 

(က) Computer Science and Engineering (CSE)

(ခ) Electronics and Communications Engineering (ECE)

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် သင်ကြားမည့် ဘွဲ့ကြိုသင်တန်းများ၏ သင်တန်းကာလမှာ (၅) နှစ်ဖြစ်ပြီး B.E.(HONS.) ဘွဲ့ကို အပ်နှင်းမည်ဖြစ်သည်။ 

သင်တန်းတက်ရောက်မည့်သူများသည် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည် -

-  ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

(၁) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ

(၂) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ

- လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

- မိမိကိုင်ဆောင်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(နိုင်)(ပြု)(ဧည့်) ကို အပြည့်အစုံဖော်ပြ၍ မိတ္တူများကိုလည်း ပူးတွဲတင်ပြရမည်။

- လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချမှုအား နားလည်နိုင်သော အရည်အချင်းရှိရမည်။ 

ဝင်ခွင့်လျှောက်လွှာများကို (၁၁-၉-၂၀၂၆) ရက်နေ့မှစ၍ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ကျောင်းသားရေးရာဌာနနှင့် တက္ကသိုလ်ဝက်ဘ်ဆိုက်ဒ် ဖြစ်သော www.miitmdy.edu.mm မှ ဒေါင်းလုတ်ပြုလုပ်ခြင်းဖြင့် စတင်ထုတ်ယူနိုင်ပြီး (၁၂-၁၀-၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ ကျောင်းသို့ တိုက်ရိုက်လျှောက်ထားရမည်။ လျှောက်လွှာများကို အစိုးရရုံးဖွင့်ရက်များတွင် လျှောက်ထားရမည်ဖြစ်ပါသည်။

လျှောက်လွှာနှင့်အတူ တင်ပြရမည့် စာရွက်စာတမ်းများ

- ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ် (မူရင်းနှင့်မိတ္တူ)

- ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်း (မူရင်းနှင့်မိတ္တူ) 

- လျှောက်ထားသူနှင့် မိဘနှစ်ပါးလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ)

- (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၄)ပုံ

- သက်ဆိုင်ရာရပ်ကွက်နှင့်ရဲစခန်းမှ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာမူရင်း

သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး လျှောက်လွှာနှင့်အတူ တင်ပြရမည့် အချက်အလက်ပြည့်စုံသည့် လျှောက်ထားသူများသည် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့တို့တွင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်စာစစ်ဌာန၌ အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲအား ဝင်ရောက် ဖြေဆိုကြရမည်ဖြစ်ပါသည်။

အရည်အချင်းစစ် ၀င်ခွင့်စာမေးပွဲသည် (၂) နာရီ မေးခွန်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒဘာသာရပ်ဆိုင်ရာ မေးခွန်းများ ဖြေဆိုရပါမည်။ တက္ကသိုလ်ဝင်ခွင့်အတွက် ဝင်ခွင့်စာမေးပွဲရမှတ်နှင့် တက္ကသိုလ်ဝင်တန်းရမှတ်ကို ပူးတွဲစဉ်းစားမည်ဖြစ်သည်။ 

ဝင်ခွင့်ဖြေဆိုခွင့်ကတ်ပြားများကို (၃၀-၁၀ -၂ဝ၂၆) ရက်နေ့နှင့် (၂-၁၁-၂၀၂၆) ရက်နေ့များတွင် ထုတ်ပေးမည်ဖြစ်ပါသည်။ ဖြေဆိုခွင့်ကတ်ပြားမရှိပါက စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများ စတင် ဖွင့်လှစ်မည့်ရက်ကို အသိပေးထုတ်ပြန်သွားမည် ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို www.miitmdy.edu.mm တွင် လည်းကောင်း၊ တယ်လီဖုန်းနံပါတ် ၀၉-၇၈၅၅၅၇၇၀၂၊ ၀၉-၇၈၅၅၅၇၇၀၆ နှင့် ၀၉−၇၈၅၅၅၇၇၀၉ များသို့လည်းကောင်း တိုက်ရိုက် မေးမြန်းစုံစမ်းနိုင်ပါသည်။

===========================================

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

Latest Post Local News University / College Read 87 times