Sales Hotline : 09448001653       Download App



ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား/သူများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား/သူများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ငွေကြေးမပြည့်စုံမှုကြောင့် တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးရန် အခက်အခဲရှိသူများအား အထောက်အကူဖြစ်စေရန် ပေးအပ်ခြင်း ဖြစ်ပါသည်။

ထိုသို့ချီးမြှင့်ရာတွင် ထောက်ပံ့ကြေးဆု အရေအတွက်ကို ကန့်သတ်ထားပြီး ပညာသင်ထောက်ပံ့ကြေးဆု အရထိုက်ဆုံး ကျောင်းသားများကို စိစစ်ရွေးချယ်ချီးမြှင့်ပါသည်။

၁။ ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် (၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်) ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးဆု (တစ်လ သုံးသောင်းကျပ် (၃၀၀၀၀/-) ဖြင့် ၁၀ လ ) ကို  ချီးမြှင့်ပေးမည် ဖြစ်ပါသည်။

၂။ အဆိုပါ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူများသည် တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာအိတ်တွင် ပါရှိသော ပူးတွဲပါ ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာပုံစံများကို ၃၁.၃.၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ မိမိနေထိုင်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

မိမိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ရှိ ကြော်ငြာသင်ပုန်းများတွင် သိသာထင်ရှားစွာ ကပ်ထား၍ အသိပေးကြေညာရန်နှင့် လိုအပ်ပါက ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာပုံစံကို အခမဲ့ ထုတ်ပေးရန် အကြောင်းကြားပါသည်။

Local Read 2353 times