Sales Hotline : 09448001653       Download App



ဒဂုံတက္ကသိုလ်တွင် ပထဝီဝင်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်း

ဒဂုံတက္ကသိုလ်တွင် ပထဝီဝင်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်း

ပထဝီဆိုင်ရာ သတင်းအချက်အလက်စနစ် ဘွဲ့လွန်ဒီပလိုမာ ( Post Graduate Diploma in Geographic Information System PGDGIS) အတွက် သင်တန်းသားခေါ်ယူလျက် ရှိပါတယ်။

 

သင်တန်းကို ဇွန် (၂၉) ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီး သူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။

 

သင်တန်းကာလမှာ () လဖြစ်ပြီး ၂၀၁၉ ခုနှစ်ဇွန်လနောက်ဆုံးပတ်မှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ် အထိဖြစ်ပါတယ်။

 

လျှောက်လွှာတွေကို ဇွန် (၁၀) ရက်မှ (၂၈) ရက်အထိ၊ လက်ခံပေးမှာ ဖြစ်ပြီး ပထဝီဝင်ဌာန၊ ဒဂုံတက္ကသိုလ်မှာ လျှောက်ထားရပါမည်။

 

Read More: ဆယ်တန်းအောင်သည်ဖြစ်စေ/မအောင်သည်ဖြစ်စေ Engineer ဖြစ်ခွင့်ရှိ၏

 

အသေးစိတ်သိရှိလိုပါက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ဒဂုံတက္ကသိုလ်နှင့် ပထဝီဝင်ဌာန ဖုန်း ၀၉-၂၅၆၀၁၅၁၉၁ ၊ ၀၉-၇၇၀၀၀၇၀၄၀ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

 

Source: Internet Journal

 

 

News Read 1765 times