Sales Hotline : 09448001653       Download App



ကုန်သွယ်ရေကြောင်းကောလိပ်တွင် ကျောင်းသား (၂၀၀) လေ့ကျင့်သင်ကြားမည်

ကုန်သွယ်ရေကြောင်းကောလိပ်တွင် ကျောင်းသား (၂၀၀) လေ့ကျင့်သင်ကြားမည်

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်က ၂၀၂၀-၂၁ ပညာသင်နှစ်တွင် သင်တန်းသား (၂၀၀) ကိုလေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်းယင်းကောလိပ်မှ သိရပါသည်။

 

အဆိုပါ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ဒီပလိုမာသင်တန်းများကို ယခုနှစ်ဒီဇင်ဘာတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယင်းသင်တန်းဝင်ခွင့်အနေနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အနည်းဆုံးအမှတ် (၄၁၀)ဖြင့် အောင်မြင်ထားသူများနှင့် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှ ကျောင်းအုပ်ကြီးဇော်လွင်ဦးက ပြောသည်။

 

ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း သင်တန်းက လာမယ့် ၂၀၂၀-၂၁ ပညာသင်နှစ်ကစပြီး ပထမဆုံးဖွင့်လှစ်မယ့် သင်တန်းဖြစ်ပါတယ်။ ဒီဘာသာရပ်ကို ထပ်တိုးပြီးဖွင့်လှစ်ရတဲ့ အကြောင်းရင်းကတော့ ပြည်ပသင်္ဘောကုမ္ပဏီတွေက သူတို့သင်္ဘောပေါ်မှာ ထမ်းဆောင်ဖို့အတွက် ရေကြောင်းလျှပ်စစ်အရာရှိတွေကို တောင်းဆိုတဲ့အတွက် ထပ်တိုးဖွင့်လှစ်ရတာပါ" ဟုင်းကဆိုပါသည်။

 

Read More:>>>> ကျောင်းသားလူငယ်များအတွက် လွယ်ကူရိုးရှင်းသော စာစီစာကုံးရေးသားနည်း

 

၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း (၉၀) ဦး၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း (၉၀) ဦးနှင့် ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း (၂၀)ဦး စုစုပေါင်း (၂၀၀)ဦးကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ () နှစ်ဖြစ်ကြောင်းသိရပါသည်။

 

ယခုလက်ရှိတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်မှ အရာရှိလောင်း၊ ဒီပလိုမာသင်တန်းလျှောက်လွှာများကို သြဂုတ် () ရက်မှ (၃၀) ရက်ထိလက်ခံသွားမည်ဖြစ်ပြီး လျှောက်ထားသူများအနေနှင့် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် အသက် (၂၀) နှစ်ထက်မကျော်လွန်စေရမည်ဖြစ်ကြောင်း သိရပါသည်။

 

Source: The Voice

 

News Read 1461 times