Sales Hotline : 09448001653       Download App



တက္ကသိုလ်အဆင့် ပညာ့ရောင်ခြည် ပညာသင်ဆု

တက္ကသိုလ်အဆင့် ပညာ့ရောင်ခြည် ပညာသင်ဆု

တက္ကသိုလ်တက်ရောက်ရန်အတွက် အမှန်တကယ်ငွေကြေးအခက်အခဲရှိသည့် နေ့တက်တက္ကသိုလ်(Day) တက်ရောက်မည့် ပထမနှစ်မှနောက်ဆုံးနှစ်ထိ ကျောင်းသူ/သားများ(မည်သည့်တက္ကသိုလ်/ကောလိပ်မဆို)
လျှောက်ထား နိုင်သည်။

လျှောက်ထားသူများသည် ပြင်ဦးလွင်မြို့နယ်အတွင်းနေထိုင်သည့် အိမ်ထောင်စုစာရင်း (ပုံစံ - ၁၀) ရှိရန်နှင့် တက္ကသိုလ်ဝင်တန်း (၁၀-တန်း) အမှတ်ပေါင်း (၃၆၀) အနည်းဆုံးရရှိရန် လိုအပ်ပါသည်။

တက္ကသိုလ်ပညာဆက်လက်သင်ကြားရန်အတွက် အမှန်တကယ်အထောက်အပံ့လိုအပ်နေသူများကို သာလျှင် ဘုတ်အဖွဲ့ဖြင့် စနစ်တကျစိစစ်ရွေးချယ်မည်ဖြစ်ပါသည်။

လျှောက်ထားလိုသူများသည် အောက်ပါနေရာများတွင်လျှောက်လွှာပုံစံများကို ရယူနိုင်ပါသည် -

(က) ကြယ်စင်ကိုယ်ပိုင်ကျောင်း၊ မြို့ပတ်လမ်း၊ ပြင်ဦးလွင်မြို့

(ခ) လမင်းတရာစာကြည့်တိုက်၊ ကလပ်လမ်း၊ ပြင်ဦးလွင်မြို့

(ဂ) ရှိုင်းဓာတ်ပုံ၊ (၅) လမ်း၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့

လျှောက်ထားလိုသူ ကျောင်းသူ/သားများသည် သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်များရရှိပြီးနောက် လျှောက်လွှာပုံစံများကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ အောက်ပါ စာရွက်စာတမ်းများပူးတွဲလျှက်လျှောက်လွှာပုံစံ ရယူသည့် နေရာဌာနများသို့ (၁၅-၁၂-၂၀၁၈)ရက်နေ့နောက်ဆုံးထား၍ ပြန်လည်ပေးပို့လျှောက်ထား ကြရမည်ဖြစ်ပါသည်။

(က) လိုင်စင်ဓာတ်ပုံ(၃) ပုံ၊ မိသားစုဓာတ်ပုံနှင့် နေအိမ်ဓာတ်ပုံ(၁) ပုံစီ

(ခ) မှတ်ပုံတင်မိတ္တူ

(ဂ) သန်းခေါင်စာရင်း(ပုံစံ - ၁၀) မိတ္တူ

(ဃ) တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း မိတ္တူ

(င) သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့် မိတ္တူ

(စ) မိမိကိုယ်တိုင် ၊ မိဘ(သို့မဟုတ်)အုပ်ထိန်းသူ၊ အခြား ယုံကြည်ထိုက်သူ တစ်ဦး၊ စုစုပေါင်း (၃) ဦးတို့၏ ပညာသင်ဆုလျှောက်ထားရခြင်း၊ အကြောင်းရှင်းလင်းတင်ပြချက်(သီးခြားစာရွက်ဖြင့်)။

လျှောက်ထားသူများအား လူတွေ့မေးမြန်းခြင်း ကွင်းဆင်း စစ်ဆေးလေ့လာခြင်း တို့ဖြင့် အလိုအပ်ဆုံး သူများကို စနစ်တကျ စိစစ်ရွေးချယ်မည်ဖြစ်ပါသည်။

လူတွေ့မေးမြန်းခြင်းဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာတို့အား တစ်ဦးချင်းထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပညာသင်ဆုလျှောက်ထားသူများသည် လူတွေ့မေးမြန်းခြင်းတောင်ရွက်မည့် နေရာသို့ လာရောက်ရာတွင် မှတ်ပုံတင်မူရင်။ အိမ်ထောင်စုစာရင်း(ပုံစံ - ၁၀) မူရင်း တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း မူရင်း ၊ သက်ဆိုင်ရာတက္ကသိုလ်ဝင်ခွင့် မူရင်းနှင့် မိမိ၏ပညာရည်ထူးချွန်မှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ယူထောင်၍လာရောက် သတင်းပို့ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။

မရှင်းလင်းသည်များရှိပါက ဖုန်းအမှတ် ၀၉-၅ဝ၁၂၄၈၅ ကို ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

source:  ပညာ့ရောင်ခြည်ပညာသင်ဆုရွေးချယ်ရေးအဖွဲ့ ပြင်ဦးလွင်မြို့။

Local Read 1205 times